Pre SEA GAMES နပန်းပြိုင်ပွဲ စတင်ဖွင့်လှစ်

Print PDF

Share this post

 

 

   ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအကြို နပန်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းနားကို ဧပြီ ၅ ရက်(ယနေ့) နံနက် ၁၁း၃၀ နာရီက ရန်ကုန်မြို့၊ သိမ်ဖြူ အားကစားကွင်း၌ ကျင်းပခဲ့သည်။
 ဖွင့်ပွဲ အခမ်းအနားသို့ အားကစား ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဦးသောင်းထိုက်၊ ပါဝင်ယှဉ်ပြိုင်ကြမည့် အရှေ့တောင်အာရှနိုင်ငံများမှ ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်/နည်းပြများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အားကစား ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဦးသောင်းထိုက်က ယခုပြိုင်ပွဲတွင် လက်ရွေးစင် ကစားသမားများ အတွေ့အကြုံ ကောင်း ကောင်းရရှိစေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ ဆီးဂိမ်းအကြို နပန်းပြိုင်ပွဲကို ဧပြီ ၅ ရက်မှ ၇ ရက်နေ့အထိ သိမ်ဖြူအားကစားကွင်းတွင် ကျင်းပမည်ဖြစ်ပြီး မည်သူမဆို လာရောက် အခမဲ့ ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။ အဆိုပါ ဆီးဂိမ်းအကြို နပန်းပြိုင်ပွဲသို့ ဘရူနိုင်း၊ မလေးရှား၊ တီမောနိုင်ငံတို့မှ လွဲပြီး ကျန်သည့် အရှေ့တောင်အာရှ နိုင်ငံများ ပါဝင်ယှဉ်ပြိုင်လျက် ရှိသည်။