Latest News

ထိုင်းကလပ် အသင်းနှင့် ခြေစမ်းမည့် ရန်ကုန်ယူနိုက်တက်

Print PDF

Share this post

 

 

  ရန်ကုန်ယူနိုက်တက် အသင်းသည် ယခုလ ၂၇  ရက်နေ့ ညနေ ၃း၃၀ အချိန်တွင် ထိုင်း ပရီးမီးယားလိဂ် ကလပ်အသင်းဖြစ်သည့် BEC တယ်ရိုဆက်ဆနာ အသင်းနှင့် အသင်းပိုင် YUSC တွင် ခြေစမ်းပွဲ အဖြစ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အဆိုပါ ထိုင်းကလပ်အသင်းသည် ရန်ကုန် အသင်းနှင့် ပွဲစဉ်မတိုင်ခင် ဧရာဝတီ ယူနိုက်တက် အသင်းနှင့် ပွဲစဉ်တွင် ဂိုးပြတ်အနိုင်ရခဲ့ပြီး ရတနာပုံ အသင်းနှင့် ခြေစမ်းပွဲ ဆက်လက်ကစားမည် ဖြစ်သည်။ တယ်ရို ဆက်ဆနာ အသင်းကို ရန်ကုန် ယူနိုက်တက် အသင်း လူငယ် အကယ်ဒမီ နည်းပြဟောင်း အန်ဒရူးအော့ဒ်က နည်းပြအဖြစ် တာဝန် ယူနေ သလို ရတနာပုံ အသင်း၏ နည်းစနစ် ဒါရိုက်တာ ရောဘတ်က အဆိုပါ အသင်း၏ အုပ်ချုပ်သူ အဖြစ် ဆောင်ရွက်လျက် ရှိသည်။ ရန်ကုန် အသင်းနှင့် ခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးများမှာ အထူးတန်း (၂၀၀၀) နှင့် ရိုးရိုးတန်း (၁၀၀၀) ဖြစ်ပြီး ယင်းပွဲစဉ်အား MRTV-4 မှ တိုက်ရိုက်ထုတ်လွှင့်မည်ဟု သိရသည်။

  ရန်ကုန် အသင်းနှင့် တယ်ရို ဆက်ဆနာ အသင်းတို့သည် လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် အတွင်းက ထိုင်းနိုင်ငံတွင် ခြေစမ်းပွဲ ခဲ့ဖူးပြီး ထိုစဉ်က ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။ တယ်ရို ဆက်ဆနာ အသင်းတွင် စုစုပေါင်း ကစားသမား (၂၄)ဦး ရှိပြီး အယ်လ်ဂျီးရီးယား အလယ်တန်းလူ တစ်ဦး၊ ဘရာဇီး တိုက်စစ်မှူး တစ်ဦးနှင့် ပြင်သစ် တိုက်စစ်မှူး တစ်ဦးတို့ ပါဝင်ကြောင်း အသင်းပိုင် ၀ဘ်ဆိုဒ်၏ ဖော်ပြချက် အရ သိရသည်။