မြန်မာ ယူ-၂၁ အသင်း၏ ဂိုးပြတ်အနိုင်

Print PDF

Share this post

 

 

   မြန်မာ ယူ-၂၁ အသင်းသည် ဘရူနိုင်း ဖိတ်ခေါ်ဖလားပြိုင်ပွဲ အုပ်စု အဖွင့်ပွဲစဉ်တွင် ဖိလစ်ပိုင်အသင်းအား ၈း၂ ဖြင့် ဂိုးပြတ်အနိုင်ရပြီး အဖွင့်လှခဲ့ကြောင်း သိရသည်။ အဆိုပါပွဲစဉ်အား ယမန်နေ့ ညနေ ၂း၄၅ နာရီက (ဘရူနိုင်း ဒေသစံတော်ချိန် ၄း၄၅ နာရီ)တွင် ဘီရာကတ်စ် အားကစားကွင်း၌ ကစားခဲ့ခြင်း ဖြစ်ပြီး  ယင်းပွဲစဉ်သို့ ဘရူနိုင်း နိုင်ငံမှ မြန်မာသံအမတ်ကြီးအပါအ၀င် မြန်မာ ဘောလုံး ပရိသတ် ၄၀ ခန့် လာရောက်အားပေးခဲ့ကြသည်။ ယင်းပွဲစဉ်တွင်  မြန်မာ အသင်းသည် ၄း၂း ၃း ၁ ကစားကွက်ဖြင့် အဓိက တိုက်စစ်မှူး ကျော်ကိုကိုတစ်ဦးတည်းကို အထောင်ထားပြီး တိုက်စစ်အားသန်သည့် ကစားသမားများ ဖြစ်သည့်  မိုင်းအိုက်နိုင်၊ ကြည်လင်း၊ သိန်းသန်းဝင်း၊ ကျော်ဇေယျာဝင်းတို့အတွဲဖြင့် ပွဲထွက်ကစားခဲ့ကြောင်း သိရသည်။ မြန်မာအသင်းအတွက် ဂိုးများကို ပထမပိုင်း ၁၃ မိနစ်တွင် ဘယ်တောင်ပံမှ သိန်းသန်းဝင်းက လည်းကောင်း၊ ယင်းနောက် ၁၄ မိနစ်တွင်  မိုင်းအိုက်နိုင်က လည်းကောင်း၊ ထို့နောက် ဒုတိယပိုင်း ၄၆ မိနစ်တွင် ကောင်းစည်သူ အပြင် ဒုတိယပိုင်း ၄၅ မိနစ်၊ ၄၉ မိနစ်နှင့် ၆၇ မိနစ်တွင် အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်းက လည်းကောင်း၊ ဒုတိယပိုင်း  ၇၅ မိနစ်နှင့် ၉၀ မိနစ်တို့တွင် လူစားဝင်ကစားသမား သက်နိုင်ကလည်းကောင်း အသီးသီး သွင်းယူကာ ခြေစွမ်းပြ ကစားနိုင်ခဲ့ကြသည်။

  ထို့နောက်  ဖိလစ်ပိုင်အသင်း အတွက် ချေပဂိုး ၂ ဂိုးကို မာဗင်(၃၉)မိနစ် နှင့် ဂျိုရှုရာ ဘီလိုဗာ(၈၅)မိနစ်တို့က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ယခုလ ၂၈ ရက်နေ့တွင် အင်ဒိုနီးရှား အသင်းနှင့် ဘရူနိုင်း ဒေသစံတော်ချိန် ည ၈း၁၅ နာရီ အချိန်၌ အုပ်စု  ဒုတိယ ပွဲစဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။