lastest News

အနယ်လ်ကာ ထုတ်ဖော်ပြောကြားချက်

Print PDF
AddThis Social Bookmark Button

 


  ချဲလ်ဆီးအသင်းမှ တရုတ်ကလပ်ရှန်ဟိုင်းရှန်ဟွာ အသင်းသို့ ပြောင်းရွှေ့သွားသော တိုက်စစ်မှူး အနယ်လ်ကာသည် သူ့ကို PSG အသင်းမှ ခေါ်ယူရန် ကမ်းလှမ်းခဲ့သေးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
   အနယ်လ်ကာသည် ချဲလ်ဆီးအသင်းတွင် နည်းပြသစ် ဘိုအာ့စ်ရောက်ရှိလာပြီးနောက် ဒရော့ဘာ၊ တောရက်စ် နှင့် စတားရစ်ခ်ျတို့၏ နောက်တွင်သာ ဦးစားပေး ကစားနေရသောကြောင့် အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီး တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟွာ အသင်းသို့ ပြောင်းရွှေ့သွားခဲ့သူဖြစ်သည်။
   အနယ်လ်ကာက ကျွန်တော် ရှန်ဟိုင်းရှန်ဟွာ အသင်းကို မပြောင်းရွှေ့မီ PSG အသင်းက ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ အသင်းဟောင်း တစ်သင်းဖြစ်တဲ့ PSG အသင်းမှာ ကစားရမှထက် အတွေ့အကြုံ အသစ်တွေကို ရှာဖွေလိုသောကြောင့်သာ ရှန်ဟိုင်းရှန်ဟွာ အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်ဟု ပြောကြားသွားခဲ့သည်။
   အနယ်လ်ကာသည် PSG အသင်းတွင် ၁၉၉၆ မှ ၁၉၉၇ အထိလည်းကောင်း ၂၀၀၀ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိလည်းကောင်း ၃ ရာသီကြာ ကစားခဲ့သူဖြစ်သည်။