မိုင်၆ ထောင် ခရီးကိုလာခဲ့တဲ့ ဘောလုံးပရိသတ်

Print PDF

Share this post

 

  ဘရာဇီး နိုင်ငံမှ ဘောလုံး ပရိသတ်တစ်ဦးသည် သူအားပေးသော အသင်း၏ ပွဲစဉ်ကို ကြည့်ရှုရန် မိုင် ၆ ထောင် အကွာအဝေးရှိ ခရီးကို လာခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
   ဒီယေဂို အမည်ရှိ ဘရာဇီးလူမျိုး စီးပွားရေး ပညာရှင် တစ်ဦးသည် သူအားပေးသော စတန်လေ အသင်း၏ ပွဲစဉ်ကို ကြည့်ရှုရန် မိုင် ၆ ထောင်ခရီးကို လာခဲ့ကြောင်း သိရသည်။ သူသည် အင်္ဂလန်လိဂ်  ၂ အသင်းတစ်သင်းဖြစ်သော စတန်လေအသင်း၏ ပရိသတ်တစ်ဦးဖြစ်ပြီး သူအနေဖြင့်  ဂျီမေးလ်မှ အသင်းနှင့် ဆက်သွယ်မိခဲ့ပြီး ဘရာဇီးနိုင်ငံမှ လန်ဒန်ရှိ လန်ရှိုင်းယား ပြည်နယ်သို့ လာရောက် အားပေးခဲ့ခြင်းဖြစ်သည်။
   သူလာရောက်အားပေးသော စတန်လေအသင်းနှင့် ခရူဝီအသင်းတို့ပွဲစဉ်တွင် စတန်လေအသင်းက ၂ ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။  သို့သော် ဒီယေဂိုက အသင်းရဲ့အရှုံးအနိုင် ထက်အသင်းကို အားပေးတဲ့ ပရိသတ်တွေရဲ့ အားပေးမှုက ပိုအရေးကြီးပါတယ်။ ရှုံးနေပေမဲ့လည်း ပရိသတ်တွေ အားလုံးက သီချင်းသီဆို အားပေးမှုကို ပြုလုပ်ပေးနေတာကြောင့် ကျွန်တော့်အနေနဲ့ လာရကြိုးနပ်ခဲ့ပါတယ်။ ပွဲကစားနေချိန်မှာတောင် အခြားပရိသတ်တစ်ဦးရဲ့လည်းစီးပုဝါကိုတောင် လက်ဆောင်ရခဲ့ပါသေးတယ်ဟု ပြောကြားသွားခဲ့သည်။