ဘောလုံးပွဲ တစ်ခုတွင် ကစားသမား တစ်ဦးမှာ ခြေဆစ်လွဲသည့် ဒဏ်ရာကြောင့် ဆေးရုံတင် လိုက်ရသည်။ ကာယ ကံရှင်ခမျာ ဆေးရုံတွင် နာကျင်လွန်း၍ ငယ်သံပါအောင် အော်ဟစ် နေမှုကြောင့် ၎င်း၏ လွဲသွားသော ခြေဆစ်အား ပြန်လည် တည့်မတ်နေသည့် ဆရာဝန်များနှင့် သူနာပြုများမှာ နားမခံသာ အောင်ဖြစ်ခဲ့ကြသည်။ ဆရာဝန်တစ်ဦးမှ "ဟေ့ကောင် မင်းလို ယောင်္ကျားရင့်မာကြီးကဘာဖြစ်လို့ စွတ်အော်နေရတာလဲ၊ ဘေးအခန်းက ကလေး မီးဖွားနေတဲ့ ကိုယ်ဝန်သည် အမျိုးသမီးတောင် မင်းလောက် မအော်ဘူး" ဟု ပြောဆိုလိုက်သည်။ ထိုအခါ ဒဏ်ရာ နာကျင်မှုကြောင့် မျက်ရည်ဝဲနေသူ အဆိုပါ ကစားသမားက ဆရာ ပြောတာ ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူနဲ့ ကျွန်တော့် အဖြစ်က မတူပါဘူး။ သူက ကလေးမွေးမှာလေ။ ဘယ်သူကမှ မွေးပြီးသား ကလေးကို ဗိုက်ထဲပြန်ထည့်တာမျိုး မလုပ်ဘူးဗျ" ဟု ပြောဆို လိုက်သည်။ |