ခရစ္စတယ်ပဲလေ့စ် အသင်း၏ စီမံခန့်ခွဲမှု ကိစ္စအရပ်ရပ်များကို ယာယီကိုင်တွယ် လုပ်ဆောင်နေသည့် P&A Partnership ၏ ဥက္ကဋ္ဌ ဘရန်ဒန်သည် အသင်းကွင်းဖြစ်သည့် Selhurst Park ၏ မြေငှားရမ်းခနှင့် ပတ်သက်ပြီး ပြန်လည်ညှိနှိုင်းဆွေးနွေးရန် အတွက် ၀ယ်လက်တစ်ဦးကို အမြန်ဆုံး ရှာဖွေနေရသည်။ ခရစ္စတယ်ပဲလေ့စ်အသင်းသည် အသင်း၏ ကွင်းမြေငှားရမ်းခအတွက် ၁ နှစ်လျှင် ပေါင် ၁.၂ သန်းကို Rock Investment Holdings Limited သို့ ပေးဆောင်နေရသည်။ "ဒီပြဿနာက အသင်းကို ၀ယ်မယ့်သူအတွက် နစ်နာစေနိုင်ပါတယ်။ သမိုင်းအကြောင်းအရ ဒီအသင်းဟာ ကွင်းမြေငှားရမ်းခကို ၁ နှစ်မှာ ပေါင် ၃ သိန်းခွဲပဲ ပေးခဲ့ရသည်။ ဒါပေမယ့် ၂၀၀၈ ခုနှစ် ဧပြီလကစပြီး တစ်နှစ်ကို ပေါင် ၁.၂ သန်း တိုးပြီး ပေးနေရတယ်။ ခုဆိုရင် Rock Investment Holdings Limited ကလည်း administrator တွေ လက်ထဲရောက်နေတယ်ဆိုတော့ သူတို့နဲ့ ဆက်သွယ်ဆောင်ရွက်နေရပါတယ်" ဟု ဘရန်ဒန်က ပြောဆိုခဲ့သည်။ |