ပရီးမီးယားလိဂ် ဒိုင်လူကြီး ဟောင်းဝက်ဝပ်ဘ် သည် ယခုနှစ် အတွင်း ကျင်းပမည့် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ရွေးချယ်ထားသော ဒိုင်လူကြီး အယောက် ၃၀ စာရင်းတွင် ပါဝင်လာသည်ကို တွေ့ရသည်။ ဒိုင်လူကြီး ၀ပ်ဘ်သည် ဘာကလေ ပရီးမီးယားလိဂ် ထိပ်တန်း ဒိုင်လူကြီးများ အနက် တစ်ဦး အပါအ၀င် ဖြစ်ပြီး ပြီးခဲ့သည့် အပတ်က မန်ယူ - မန်စီးတီး ကာလင်းဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွင် အကောင်းဆုံး စွမ်းဆောင် နိုင်ခဲ့သည့် အတွက် ချီးကျုးခြင်း ခံထားရသူ ဖြစ်သည်။ ရဲအရာရှိဟောင်း တစ်ဦးဖြစ်သူ ၀ပ်ဘ်သည် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပထမဆုံး အကြိမ် အဖြစ် တာဝန် ထမ်းဆောင်ခွင့် ရခြင်း ဖြစ်သည်။ သို့သော် ၀ပ်ဘ်သည် ယူရို ၂၀၀၈ ပြိုင်ပွဲတွင် အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များကြောင့် ခြိမ်းခြောက်မှုများ ခံခဲ့ရသည်။ ၎င်းသည် အိမ်ရှင် သြစတြီးယားနှင့် ပိုလန် အသင်းတို့ ပွဲစဉ်တွင် အိမ်ရှင် အသင်းအား ပွဲပြီးခါနီး အချိန်တွင် ပင်နယ်တီ လက်ဆောင် ပေးခဲ့သည့် အတွက် အင်တာနက် မှတဆင့် အသက် အန္တရာယ် ခြိမ်းခြောက်ခြင်း ခံခဲ့ရသည်။ ဒိုင်လူကြီး ၀ပ်ဘ်သည် ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် တာဝန် ထမ်းဆောင်ခဲ့သော အင်္ဂလန် ဒိုင်လူကြီး ဂရေဟမ်ပူးလ်ထက် ပိုမို ကောင်းမွန်လိမ့်မည်ဟု မျှော်လင့်ထားသည်။ ဂရေဟမ်ပူးလ်သည် ခရိုအေးရှား ကစားသမား ဆင်မြူနစ်ခ်အား အ၀ါကဒ် သုံးကြိမ် ပြသခဲ့သည်။
|