ဝါဒါဘရီမင် အသင်းမှာ ယမန်နေ့က အိမ်ကွင်း ဘွန်ဒစ်လီဂါ ပွဲစဉ်အဖြစ် ဟာသာဘာလင်နှင့် ကစားခဲ့ရာ ၂း၁ ဖြင့် အနိုင်ရရှိသွားခဲ့သည်။ ယင်းပွဲစဉ်မှ ဘရီမင်တို့အတွက် ဂိုးများကို ဒုတိယပိုင်း ၆၆ မိနစ်တွင် မရင်းနှင့် ၈၁ မိနစ်တွင် ပီဇာရို တို့က သွင်းယူသွားခဲ့သည်။ ဟာသာဘာလင်မှာ ဒုတိယပိုင်း ၆၈ မိနစ်တွင် သွင်းယူခဲ့သည့် ဂီကတ်စ်၏ ဂိုးဖြင့်သာ ကျေနပ်ခဲ့ရသည်။ ယမန်နေ့ပွဲ ရလဒ်အရ ၀ါဒါဘရီမင်မှာ ယနေ့အထိ ဇယားအောက်ဆုံး အဆင့် ၁၈ မှ ရုန်းမထွက်နိုင်သေးပေ။ ၀ါဒါဘရီမင်မှာ လာမည့်အပတ် စနေနေ့တွင် ဟန်နိုဗာ အသင်းနှင့် ဘွန်ဒစ်လီဂါ အဝေးကွင်း ပွဲစဉ်အဖြစ် ရင်ဆိုင်ရမည် ဖြစ်သည်။ |