မန်ယူ အသင်းမှာ ပြီးခဲ့သည့် စနေနေ့က အိမ်ကွင်းပရီးမီးယား ပွဲစဉ်အဖြစ် ပို့စ်မောက် အသင်းနှင့် ကစားခဲ့ရာ ၅းဝ ဖြင့် အနိုင် ရရှိခဲ့သည်။ ယင်းပွဲစဉ်တွင် မန်ယူ အသင်းမှာ အကောင်းဆုံး တိုက်စစ်ဆင်မှုများဖြင့် ခြေစွမ်းပြနိုင်ခဲ့ပြီး ပထမပိုင်း မိနစ် ၄၀ တွင် တိုက်စစ်မှူး ရွန်းနေးနှင့် ဒုတိယပိုင်း ၆၂ မိနစ်တွင် ဘာဘာတော့ဗ် တို့၏ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ပို့စ်မောက် အသင်းမှာ ယမန်နေ့ ပွဲစဉ်တွင် ပထမပိုင်း ၄၅ မိနစ်၊ ဒုတိယပိုင်း ၅၉ မိနစ်နှင့် ၆၉ မိနစ်များတွင် ဘိုရီ၊ ဟုခ်ျ့ နှင့် ၀ီလ်ဆင်တို့မှာ အိမ်ရှင် မန်ယူအသင်း၏ တိုက်စစ်ကို ဟန့်တားကာကွယ်ရင်း ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ကြ၍ ယခုကဲ့သို့ အဝေးကွင်းတွင် ဂိုးပြတ် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ယခုပွဲ ရလဒ်အရ မန်ယူမှာ ပရီးမီးယား အမှတ်ပေး ဇယားတွင် ရမှတ် ၅၆ မှတ်ဖြင့် အဆင့် ၁ နေရာတွင် ရပ်တည် နေသော်လည်း ယမန်နေ့၌ အဆင့် ၂ နေရာတွင် ရမှတ် ၅၅ မှတ်ဖြင့် ရှိနေခဲ့သည့် ချဲလ်ဆီးက အာဆင်နယ်ကို အိမ်ကွင်းတွင် ၂းဝ ဖြင့် နိုင်ခဲ့၍ မန်ယူမှာ အဆင့် ၂ သို့ ပြန်ရောက်သွားပြီ ဖြစ်သည်။ |