ချဲလ်ဆီးအသင်းမှာ ယမန်နေ့က ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် အဖြစ် အာဆင်နယ် အသင်းနှင့် ကစားခဲ့ရာ ၂းဝ ဖြင့် အနိုင်ရရှိ ခဲ့ပြီး ယင်းဂိုးများကို ပထမပိုင်း ၈ မိနစ်နှင့် ၂၃ မိနစ်တွင် တိုက်စစ်မှူး ဒရော့ဘာက တစ်ဦးတည်း သွင်းယူ သွားခဲ့သည်။ အာဆင်နယ် အသင်းမှာ အဝေးကွင်းတွင် ချဲလ်ဆီး အသင်း ဘက်ကို တိုက်စစ်ဆင်ရန် ကြိုးစားခဲ့သော်လည်း တယ်ရီ ဦးဆောင် သည့် အိမ်ရှင် အသင်း၏ ခံစစ်ကို မကျော်နိုင်ခဲ့၍ ယခုကဲ့သို့ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ချဲလ်ဆီး အသင်းမှာ ယမန်နေ့ ပွဲရလဒ်အရ ပရီးမီးယား အမှတ်ပေး ဇယားတွင် ရမှတ် ၅၈ မှတ်ဖြင့် အဆင့် ၁ နေရာတွင် ရပ်တည်နေပြီး အဆင့် ၂ နေရာမှ မန်ယူနှင့် ၂ မှတ် သာ ကွာဟလျက်ရှိသည်။ |