မန်ယူ အသင်းမှ နောက်ခံလူ ဂယ်ရီနဗီးလ်က မိမိတို့မှာ ပရီးမီးယား အမှတ်ပေး ဇယားကို အဆင့် ၁ မှ ဦးဆောင်နေသည့် ချဲလ်ဆီး အသင်းကဲ့သို့ ချန်ပီယံ ဖြစ်နိုင်ကြောင်း စိန်ခေါ် ပြောကြားလိုက်သည်။ မန်ယူ အသင်းမှာ လာမည့် ဧပြီလ ၃ ရက်နေ့တွင် ချဲလ်ဆီး အသင်းနှင့် အိမ်ကွင်း ပရီးမီးယား ပွဲစဉ်အဖြစ် ကစားရမည် ဖြစ်ပြီး ဂယ်ရီနဗီးလ် အနေဖြင့် ယင်းပွဲတွင် အသင်း အနိုင် ရလိမ့်မည်ဟု ယုံကြည်လျက် ရှိသည်။ မန်ယူ နောက်ခံလူ ဂယ်ရီနဗီးလ်က " အခုဆိုရင် ပရီးမီးယား ချန်ပီယံဆုအတွက် ချဲလ်ဆီးအသင်းပဲ မျှော်လင့်နိုင်တာ မဟုတ် ပါဘူး။ ကျွန်တော်တို့လည်း သူတို့နဲ့ အနီးဆုံးမှာ ရှိနေသေးလို့ ဗိုလ်စွဲနိုင်မှာ သေချာပါတယ်။ အရာရာဟာ ကျွန်တော်တို့ ဘက်မှာ ရောက်နေပြီ ဖြစ်တဲ့အတွက် အသင်းသားတွေ အနေနဲ့ ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။ မန်ယူ အသင်းကြီး အတွက် ကျွန်တော်တို့ အများဆုံး လုပ်ပေး နိုင်တာကတော့ ချန်ပီယံ ဖြစ်ဖို့ပါပဲ။ အသင်းမှာ အထူးသဖြင့် ရွန်းနေ၊ နာနီ နဲ့ ဗလင်စီယာ တို့လို ကစားသမား တွေဟာ အရမ်းကို အားကိုးရတဲ့ အဆင့်မှာ ရောက်နေပါပြီ " ဟု ပြောဆိုခဲ့သည်။ |