| မေး |
ပထမဆုံး အနေနဲ့ အာဖရိက ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့အတွက် ၀မ်းသာပါတယ်လို့ ပြောကြားလိုပါတယ်.... ဒီအောင်ပွဲဟာ အီဂျစ်အတွက် အမှားကင်းစင်တဲ့ အခြားအောင်ပွဲ တစ်ခုပါလား ...? |
| ဖြေ |
ဟုတ်ပါတယ် .... ဒီအောင်ပွဲအတွက် ကျွန်တော်တို့ အရမ်း စိတ်လှုပ်ရှားမိပါတယ် .... အဲဒီ ဗိုလ်လုပွဲက မှတ်တမ်းတင်ရေးထိုးနိုင်မယ့် ပွဲဖြစ်လို့ ကျွန်တော်တို့အတွက် အရေးကြီးခဲ့ပါတယ် .... အောင်မြင်မှုတွေ ထပ်ပြီး ရချင်ပါသေးတယ် ....လက်ရှိ အီဂျစ်အသင်းဟာ အရင်ကထက် ပိုကောင်းလာတာ တွေ့ရပါတယ်။ ဒီပြိုင်ပွဲမှာ သုံးကြိမ်ဆက်တိုက် ဗိုလ်စွဲခဲ့တယ် .... ဒီလိုစံချိန်မျိုးရဖို့အတွက် အခြား အာဖရိက အသင်းတွေအနေနဲ့ အများကြီး ကြိုးစားရပါဦးမယ်။ |
| မေး |
အီဂျစ်အသင်းဟာ အာဖရိကဖလား ၇ ကြိမ် ဗိုလ်စွဲထားပြီဆိုတော့ အဲဒီလို စံချိန်မျိုး အခြားအသင်းတွေကော ရနိုင်မယ်လို့ ထင်ပါသလား ...? |
| ဖြေ |
မဖြစ်နိုင်ပါဘူးလို့ ကျွန်တော် ပြောပါရစေ .... ဒါပေမယ့် ဘောလုံးလောကမှာ မဖြစ်နိုင်စရာ ဘာမှ မရှိပါဘူးလို့ တစ်ချို့ ကပြောကြတယ် .... အသင်းတစ်သင်း အနေနဲ့ ဒီလိုစံချိန်မျိုး ရရှိဖို့အတွက် အချိန်အတော်ကြာအောင် လုပ်ယူရဦးမှာပါ။ |
| မေး |
လက်ရှိ အီဂျစ်အသင်းဟာ အီဂျစ်အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံး အသင်းလို့ ပြောနိုင်မလား ...? |
| ဖြေ |
ဒီမေးခွန်းကို ဖြေကြားနိုင်တာကတော့ ပြည်သူတွေနဲ့ ဘောလုံး ပရိသတ်တွေပါ .... ကျွန်တော်တို့အနေနဲ့ အသင်းတစ်သင်းရဲ့ လက်ရှိ စွမ်းဆောင်ချက် အပေါ် ဆုံးဖြတ်လို့ရသလို အခြားသူတွေကိုလည်း ဆုံးဖြတ်ခွင့်ပေးရပါမယ် .... လောလောဆယ်တော့ လက်ရှိ အသင်းကို ကျွန်တော်တို့ နှစ်သက်ကြပါတယ် .... ကျွန်တော့်အနေနဲ့ နှိုင်းယှဉ်ဖော်ပြလို့ ရတဲ့ အခြေအနေမျိုးမှာ ရှိမနေပါဘူး။ |
| မေး |
ဗိုလ်လုပွဲမှာ ဂါနာအသင်းနဲ့ ကစားခဲ့ရတာ ခင်ဗျားတို့အတွက် လွယ်ကူခဲ့ပါသလား ...? |
| ဖြေ |
ဂါနာအသင်းက အရည်အသွေးမြင့် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းပါ .... သူတို့ကို ကျွန်တော်တို့ လေးစားပါတယ် .... နိုက်ဂျီးရီးယားနဲ့ ဆီမီးဖိုင်နယ်မှာ သူတို့အသင်းရဲ့ ကစားပုံကို ကြည့်ခဲ့ရပါတယ် .... သူတို့ကို နိုင်ဖို့ အကောင်းဆုံး ကစားနိုင်မှ ဖြစ်မယ်လို့ ကျွန်တော်တို့ အားလုံးသိခဲ့ ကြတယ် .... ဂါနာလို အသင်းမျိုးနဲ့ ကစားရတာ တကယ်တော့ လွယ်တဲ့ အရာ မဟုတ်ပါဘူး .... ဗိုလ်လုပွဲမှာ သူတို့အသင်း အခွင့်အရေးတွေ အများကြီး ရခဲ့တယ် .... ကျွန်တော်တို့အတွက် ကံကောင်းတယ်လို့ ပြောရမလားမသိဘူး .... သူတို့ ဂိုးဝင်အောင် မသွင်းနိုင်ခဲ့ဘူး .... သူတို့နဲ့ ကျွန်တော်တို့ ကွာသွားတာက အကောင်းဆုံး အခွင့်အရေး အသုံးချနိုင်မှုပါပဲ။ |
| မေး |
ဒီပြိုင်ပွဲမှာ အီဂျစ်အသင်းဟာ အကောင်းဆုံး ကစားသွားနိုင်ခဲ့တယ်လို့ လူတွေက ပြောကြတယ် ခင်ဗျားတို့ အတွက် အကြီးမားဆုံး လှုံ့ဆော်မှုက ဘယ်အရာဖြစ်ခဲ့ ပါသလဲ ...? |
| ဖြေ |
ပွဲတိုင်းကို အကောင်းဆုံး ကစားခဲ့ပါတယ် .... ဒီပြိုင်ပွဲကို ၀င်ပြိုင်ကတည်းက ချန်ပီယံ သရဖူကို ကာကွယ်ဖို့ဆိုပြီး သန္နိဌာန် ချထားခဲ့ပါတယ် .... မှန်းတဲ့ အတိုင်းလည်း ဖြစ်လာပါတယ်။ |
| မေး |
အီဂျစ်အသင်း အောင်မြင်မှု နောက်ကွယ်မှာ လျှို့ဝှက်ချက်ရှိပါလား ...? |
| ဖြေ |
ရိုးရိုးသားသား ပြောရရင် လျှို့ဝှက်ချက် မရှိပါဘူး .... ကျွန်တော်တို့အသင်းမှာ နာမည်ကြီး ကစားသမားတစ်ယောက်မှ မပါခဲ့ပါဘူး .... ကစားသမားကောင်းတွေ မပါဘူးလို့ ပြောတာ မဟုတ်ပါဘူး .... အားလုံးက အသင်းလိုက် ကစားနိုင်တဲ့ ကစားသမားတွေလို့ ကျွန်တော် မြင်မိပါတယ် .... ကျွန်တော်တို့ ကိုယ်တိုင်လည်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်။ |
| မေး |
အသင်းခေါင်းဆောင် အာမက်ဟတ်ဆန်က အသင်းအပေါ် ဘယ်လို အရေးပါ ပါသလဲ ...? |
| ဖြေ |
ဒီပြိုင်ပွဲမှာ သူဟာ အတောက်ပဆုံး ဖြစ်ခဲ့ပါတယ် .... ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပါပဲ .... ကျွန်တော်တို့ အသင်းဟာ တစ်ဦးကောင်း တစ်ယောက်ကောင်း အသင်း မဟုတ်ပါဘူး .... အာမက်ကတော့ အတွေ့အကြုံ ရင့်ကျက်တဲ့ ကစားသမားကောင်း တစ်ယောက်လို့ ပြောလို့ ရပါတယ်။ |
| မေး |
ခင်ဗျားရဲ့ အနာဂတ်ကို သိပါရစေ ...? |
| ဖြေ |
လောလောဆယ်တော့ ကျွန်တော် ပျော်ရွှင်မိပါတယ် .... ဘောလုံးကစားရတာကို နှစ်သက်မိပါတယ် .... အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှု မရှိပါဘူး .... ကျွန်တော် ပြောခဲ့သလို ခုအချိန်မှာ ကျွန်တော် ပျော်နေပါတယ်။ |
| မေး |
နောက်ဆုံး မေးခွန်းအနေနဲ့ မေးချင်တာကတော့ ကမ္ဘာ့ဖလား ပွဲနဲ့ လွဲချော်ခဲ့တဲ့အတွက် ခင်ဗျားရော .... အီဂျစ်အသင်းသားတွေပါ စိတ်ပျက် အားငယ်မိပါသလား ...? |
| ဖြေ |
မှန်ပါတယ် .... ကျွန်တော်ဆိုရင် အာဖရိကမြေမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲကြီးကို နွှဲရမယ်လို့ မျှော်လင့်ထားခဲ့တယ် .... ဒါပေမယ့် ဒီအကြောင်းတွေ ဘယ်တော့မှ မပြောတော့ပါဘူး .... အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပြီး အနာဂတ်ကို မျှော်မှန်းပြီး အလေးအနက်ထား လုပ်ဆောင်ချင်ပါတယ်။ |