ရိုးမား အသင်းမှာ ယမန်နေ့က စီးရီးအေ အဝေးကွင်း ပွဲစဉ် အဖြစ် ဖီအိုရင်တီးနား အသင်းနှင့် ကစားခဲ့ရာ ၀း၁ ဖြင့် အနိုင် ရခဲ့ပြီး ယင်းဂိုးကို ဒုတိယပိုင်း ၈၂ မိနစ်တွင် ဗူချီနစ်က သွင်းယူ သွားခဲ့သည်။ ဖီအိုရင်တီးနားမှာ အိမ်ကွင်းတွင် ကစားခဲ့ရသော်လည်း ဧည့်သည် အသင်းကို မထိုးဖောက် နိုင်ခဲ့သောကြောင့် ယခုကဲ့သို့ ရှုံးနိမ့် ခဲ့ရသည်။ ယမန်နေ့ပွဲ ရလဒ်များ အရ ရိုးမားမှာ စီးရီးအေ အမှတ်ပေး ဇယားတွင် အဆင့် ၂ သို့ တက်ရောက် လာခဲ့ပြီဖြစ်သည်။
|