လီဗာပူး အသင်းမှာ ပြီးခဲ့သည့် စနေနေ့က အဲဗာတန် အသင်းနှင့် အိမ်ကွင်း ပရီးမီးယား မာဆေးလ်ဆိုက် ဒါဘီ ပွဲစဉ်အဖြစ် ကစားခဲ့ရာ ၁းဝ ဖြင့် အနိုင်ရပြီး ယင်းဂိုးကို ဒုတိယပိုင်း ၅၅ မိနစ်တွင် ဒါကုခ်ျ့က သွင်းယူခဲ့သည်။ အဲဗာတန် အသင်းမှ ဒိုနိုဗန်၊ ဆာဟာ စသည့် ကစားသမားများ စုံလင်စွာဖြင့် လီဗာပူးဘက်သို့ ထိုးဖောက်ခဲ့သော်လည်း မည်သို့မျှ အရာမ၀င်ခဲ့သောကြောင့် ယခုကဲ့သို့ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ယမန်နေ့ပွဲတွင် လီဗာပူးဘက်မှ ဒဏ်ရာကြောင့် အနားယူနေရာမှ ပထမဆုံး ပြန်ကစားနိုင်ခဲ့သည့် နောက်ခံလူ ကိုင်ဂီယာကော့စ်မှာ ပထမပိုင်း ၃၄ မိနစ်တွင် တိုက်ရိုက် အနီကဒ် ဖြင့် ထုတ်ပယ် ခံခဲ့ရပြီး အဲဗာတန်မှ ကွင်းလယ်လူ ပင်နီယာ မှာလည်း ဒုတိယပိုင်း မိနစ် ၉၀ တွင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ် ခံခဲ့ရသည်။ ယမန်နေ့ပွဲ ရလဒ်ကြောင့် လီဗာပူးမှာ ပရီးမီးယား အမှတ်ပေး ဇယားတွင် အဆင့် ၄ နေရာအထိ ရောက်လာခဲ့ပြီ ဖြစ်သည်။ အဲဗာတန်မှာ ပရီးမီးယား အမှတ်ပေးဇယား အဆင့် ၉ တွင် ရပ်တည်လျက် ရှိသည်။ |