အာဆင်နယ် အသင်း ခေါင်းဆောင် ဖာဘရီဂတ်စ် သည် ဘာစီလိုနာ အသင်းကို နှစ်သက် မိကြောင်း ထပ်မံ ပြောဆို လိုက်သည်။ ဘာစီလိုနာ အသင်းသည် ဖာဘရီဂတ်စ်ကို အလိုရှိ နေကြောင်း သတင်းများ ထွက်ပေါ်နေပြီး၊ နူးကမ့်သို့ ပြောင်းရွှေ့ ကစားတော့မည် ဟူသော ကောလဟာလများမှာ တိမ်မြှုပ်သွားခြင်း မရှိသေးပေ။ အာဆင်နယ် အသင်းတွင် ပျော်နေပါသည်ဟု ပြောဆို နေသော်လည်း ဖာဘရီဂတ်စ် အနေဖြင့် မွေးရပ်မြေသို့သာ စိတ်ရောက် နေသည်။ သို့သော် ဘာစီလိုနာ အသင်းသည် ၎င်းအား ချဉ်းကပ်နေခြင်း မရှိကြောင်း ပြောဆိုသည်။ "ဘယ်သူကမှ ကျွန်တော့်ကို ကမ်းလှမ်းထားခြင်း မရှိပါဘူး။ ကျွန်တော့်ဆီ တိုက်ရိုက် မလာသလို၊ ကျွန်တော့် အေးဂျင့် ဆီကိုလည်း ဆက်သွယ်ခြင်း မရှိပါဘူး။ ဒါဟာ ကျွန်တော် သိသလောက် ပြောနေတာပါ" ဟု ဖာဘရီဂတ်စ်က ပြောဆိုခဲ့သည်။ |