ဝင်ဘလေကွင်း တာဝန်ရှိသူများသည် သီးသန့် ပွဲကြည့်စင်အခန်းများအတွက် အခန်းခ ပေးဆောင်ရန် ပျက်ကွက်သူများကို အရေးယူ ဆောင်ရွက်နေပြီး လိုအပ်ပါက တရားရုံးမှတစ်ဆင့် ဆင့်ခေါ်သွားမည်ဟု သိရသည်။ ယခုကဲ့သို့ လုပ်ဆောင်မှုသည် အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီ၏ ၀င်ဘလေကွင်း သီးသန့် ပွဲကြည့်အခန်းအား ရောင်းချမည်ဆိုသော Daily Mail ၏ ထုတ်ဖော်ရေးသားချက်နှင့် တိုက်ဆိုင်နေသည်ကို တွေ့ရသည်။ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် FA သည် တယ်ရီ၏ ပွဲကြည့်စင်အခန်း နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောကြားထားခြင်း မရှိခဲ့ပေ။ ကန်ထရိုက် သဘောအရ ၀င်ဘလေကွင်းရှိ တယ်ရီ၏ ပွဲကြည့်စင်အခန်းကို ရောင်းချခွင့် မရှိပေ။ အကယ်၍ ရောင်းချမည် ဆိုပါက ဥပဒေအရ တရားစွဲဆိုခြင်း ခံရဖွယ် ရှိသည်။ အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း နှစ်ဦးဖြစ်သည့် ဒေးဗစ်ဘက်ခမ်း နှင့် ဂျွန်တယ်ရီ တို့သည် ၀င်ဘလေ ကွင်းကြီး ရှိ ၎င်းတို့၏ သီးသန့် ပွဲကြည့်စင်အခန်းများကို ငှားရမ်းရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။ |