ပြင်သစ် ကလပ် ဘော်ဒိုး အသင်းမှ တိုက်စစ်မှူး ဖြစ်သူ ချာမက်ခ်မှာ မိမိ အနေဖြင့် အာဆင်နယ် အသင်းတွင် ကစားချင်ကြောင်း ဖွင့်ဟ ပြောဆိုလိုက်သည်။ အဆိုပါ ပြင်သစ်သားမှာ ယခုရာသီတွင် ဘော်ဒိုး အသင်း အတွက် အဓိက အစွမ်းပြနေသူဖြစ်ပြီး သူ့ကို လီဗာပူး၊ ရီးရဲလ်စသည့် ဥရောပ အသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေကြသည်။ ချာမက်ခ်မှာ ယခုရာသီ အကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်း ပြောင်းခွင့် ရထားသူဖြစ်သည်။ The Sun မီဒီယာနှင့် အင်တာဗျုး တစ်ခုတွင် တိုက်စစ်မှူး ချာမက်ခ်က "ကျွန်တော့်အနေနဲ့ ပရီးမီးယားလိဂ်မှာ ပြောင်းကစားချင်ပါတယ်။ ဘယ်အသင်းနဲ့လဲ ဆိုရင် အာဆင်နယ်နဲ့လို့ ဘဲပြောချင်ပါတယ်။ အာဆင်နယ်အသင်းဟာ ကျွန်တော့်ကစားသမား ဘ၀တစ်ဆစ်ချိုး ပြောင်းလဲစေမှာ သေချာပါတယ်" ဟု ပြောဆိုခဲ့သည်။ |