အာဆင်နယ် အသင်း နည်းပြ ဖြစ်သူ ၀င်းဂါးက အသင်းမှ တိုက်စစ်မှူး ၀ါးလ်ကော့မှာ ခြေစွမ်းများ တိုးတက် ကောင်းမွန် လာပြီ ဖြစ်ကြောင်း ချီးကျူး ပြောဆို လိုက်သည်။ အင်္ဂလန်သား ၀ါးလ်ကော့မှာ ပြီးခဲ့သည့် ဘန်လေ အသင်းကို ၃း၁ ဖြင့် အနိုင်ရခဲ့သည့် အိမ်ကွင်း ပရီးမီးယား ပွဲစဉ်တွင် အာဆင်နယ် အသင်း အတွက် တစ်ဂိုး သွင်းယူခဲ့သူ ဖြစ်သည်။ ယင်းပွဲစဉ်မှ အာဆင်နယ် အသင်းအတွက် ကျန်ဂိုး ၂ ဂိုးကို ဖာဘရီဂတ်စ် နှင့် အာရှာဗင် တို့က သွင်းယူခဲ့သည်။ ၀င်းဂါးက " ၀ါးလ်ကော့ဟာ အရင် အသင်းကို စရောက် တုန်းကလိုမျိုး မဟုတ်တော့ ပါဘူး။ အရမ်းကို ရင့်ကျက်ပြီး ခြေစွမ်း ကောင်းလာတဲ့ တိုက်စစ်မှူး အဆင့်ကို ရောက်လာပါပြီ။ ဒီအတွက် ကျွန်တော် အားရမိပါတယ် " ဟု ပြောဆိုခဲ့သည်။ အာဆင်နယ် အသင်းမှာ ပရီးမီးယား အမှတ်ပေး ဇယားတွင် ရမှတ် ၆၁ မှတ် ရရှိနေပြီး အဆင့် ၂ နေရာမှ ချဲလ်ဆီး အသင်းနှင့် အမှတ်တူ ဂိုးကွာခြားချက်အရ အဆင့် ၃ တွင် ရှိနေပြီ ဖြစ်သည်။ |