မန်ယူ အသင်းမှ တိုက်စစ်မှူး ရွန်းနေမှာ မနက်ဖြန် မီလန် အသင်းနှင့် ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်တွင် ကြံ့ခိုင်မှု အပြည့်ဖြင့် အသင်း အတွက် ပါဝင် ကစားမည် ဖြစ်သည်။ အဆိုပါ အင်္ဂလန်သားမှာ ပြီးခဲ့သည့် အီဂျစ် အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲတွင် ဒဏ်ရာ ရခဲ့ပြီး ပြီးခဲ့သည့် ၀ုလ်ဖ် အသင်းနှင့် အဝေးကွင်း ပရီးမီးယား ပွဲကို လွဲခဲ့သူ ဖြစ်သည်။ အသက် ၂၄ နှစ် အရွယ်ရှိ ရွန်းနေမှာ ၄ ရက်အတွင်း ၂ ပွဲဆက်တိုက် ကစားထားရ၍ အနည်းငယ် ပွဲပန်းဖွယ် ရှိနေ သော်လည်း မီလန် နှင့် အိမ်ကွင်း ချန်ပီယံလိဂ် ပွဲတွင်မူ အသင်း အတွက် ပြန်လည် ပါဝင်မည် ဖြစ်ကြောင်း မန်ယူ အသင်းနှင့် ဆက်လျဉ်းသည့် သတင်းများ အရ သိရသည်။ |