ဝီဂန် အသင်း နည်းပြ မာတင်နက်ဇ် သည် လီဗာပူး အသင်းကို အဆင့် (၄) နေရာသို့ မရောက်ရှိ နိုင်အောင် ဟန့်တားသွား မည်ဟု ပြောဆို လိုက်သည်။ ၀ီဂန် အသင်းသည် ယနေ့ညတွင် ထိပ်သီး လီဗာပူး အသင်းကို အိမ်ကွင်းတွင် လက်ခံ ကစားရမည် ဖြစ်သည်။ "ကျွန်တော်တို့ အားလုံးဟာ လီဗာပူး အသင်း ကစားသမားတွေရဲ့ အရည်အသွေးကို သိပြီးသားပါ။ သူတို့ ဘယ်လောက်ပဲ တောင့်တင်း ပါစေ။ ကျွန်တော်တို့ကတော့ အကောင်းဆုံး ကစားသွားမှာပါ။ ပြီးတော့ ကျွန်တော်တို့က အိမ်ကွင်းမှာ ကစားရမှာ ဆိုတော့ အိမ်ရှင်အခွင့်အရေးကို အသုံးချ နိုင်မယ်လို့ ယုံကြည်မိ ပါတယ်" ဟု နည်းပြ မာတင်နက်ဇ်က ပြောကြားခဲ့သည်။ ၀ီဂန်အသင်းသည် နောက်ဆုံး ၇ ပွဲတွင် နိုင်ပွဲမရသေးပေ။ သို့သော်ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက အိမ်ကွင်းတွင် ချဲလ်ဆီးအသင်းကို ၃း၁ ဂိုးဖြင့် အနိုင် ရခဲ့ဖူးသည်။ နည်းပြ မာတင်နက်ဇ်သည် ယနေ့ညတွင် ကစားမည့်ပွဲတွင် အကောင်းဆုံး ရလဒ်တစ်ခု ထွက်ပေါ် လာနိုင်မည်ဟု ယုံကြည် နေသည်။ |