ဝီဂန် အသင်းမှာ ယမန်နေ့က အိမ်ကွင်း ပရီးမီးယား ပွဲစဉ် အဖြစ် လီဗာပူး အသင်းနှင့် ကစားခဲ့ရာ ၁းဝ ဖြင့် အနိုင် ရရှိခဲ့ပြီး ယင်းဂိုးကို ပထမပိုင်း ၃၅ မိနစ်တွင် ရိုဒါလီဂါက သွင်းယူ သွားခဲ့သည်။ ယင်းဂိုးမှာ အဆိုပါ တိုက်စစ်မှူး အနေဖြင့် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာ Boxing Day နောက်ပိုင်း ပထမဆုံး အသင်း အတွက် ပြန်လည် သွင်းယူ နိုင်ခဲ့သည့် ဂိုးလည်း ဖြစ်သည်။ ၀ီဂန် အသင်းမှာ ယခုနှစ် ၂၀၁၀ တွင် နိုင်ပွဲ ၁ ပွဲသာရထားပြီး ရလဒ်များ ဆိုးရွားကာ လက်ရှိ အနေအထားအရ တန်းဆင်းဇုန်နှင့် အနီးကပ်ဆုံး အနေအထားတွင် ရောက်နေသော်လည်း ယမန်နေ့ ပွဲတွင် လီဗာပူး အသင်းကို အကောင်းဆုံး ကစားပြနိုင်ခဲ့သည်။ လီဗာပူးအသင်းမှာ ယမန်နေ့ပွဲတွင် အဓိက ကစားသမားများ စုံလင်စွာဖြင့် ဖိအားပေး ကစားနိုင် ခဲ့သော်လည်း ၀ီဂန် အသင်း၏ လျှပ်တပြက် အနိုင်ဂိုးကြောင့် ရာသီကုန် ဥရောပ ချန်ပီယံလိဂ် ၀င်ခွင့် ရရှိရေး ကိစ္စကို နှောင့်နှေး စေခဲ့ရပြီ ဖြစ်သည်။ |