မန်ချက်စတာ ယူနိုက်တက် ပရိသတ် ထောင်ပေါင်း များစွာသည် ဂလေဇာ မိသားစုကို ဆန့်ကျင်သည့် အနေဖြင့် အိုးလ်ထရက်ဖို့ဒ်တွင် ကစားမည့် အေစီမီလန် နှင့် ချန်ပီယံလိဂ် ပွဲစဉ်ကို ဆန္ဒပြရန် စီစဉ်နေကြာင်း သိရသည်။ ယခု လှုပ်ရှားမှုသည် နည်းပြ ဖာဂူဆန်အတွက် အကျပ်ရိုက်စေနိုင်သော်လည်း ၎င်းကမူ အသင်းအပေါ် တစ်စုံတစ်ရာ ထိခိုက် လာမှု မရှိမခြင်း မည်သည့် ကန့်ကွက်မှုကိုမဆို လက်ခံသွားမည် ဖြစ်ကြောင်း ပြောကြား ထားသည်။ မန်ယူ ပရိသတ်များ အနေဖြင့် နည်းပြ ဖာဂူဆန်၏ သဘောထားကို လေးစားကြသော်လည်း ထောင်ပေါင်းများစွာသော ပရိသတ်များသည် အေစီမီလန် အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် အိုးလ်ထရက်ဖို့ဒ် ကွင်းကြီး အပြင်ဘက်၌ ဆန္ဒပြရန် စီစဉ်နေပြီး အသင်းပိုင်ရှင် ဂလေဇာ၏ ရုပ်ပုံကို မီးရှို့ ဆန္ဒပြရန်လည်း စီစဉ်ထားကြသည်။ တစ်ချိန်တည်းမှာပင် အေစီမီလန် ကွင်းလယ် ကစားသမားကြီး ဒေးဗစ် ဘက်ခမ်းသည် ယခု ဒုတိယအကျော့ ပွဲစဉ်တွင် အသင်းဟောင်း မန်ယူ အသင်းကို ရှုံးနိမ့် စေလိုသည်ဟု ၀န်ခံ ပြောဆိုထားသည်။ " ကျွန်တော်က မန်ယူ အသင်းရဲ့ ထာဝရ ပရိသတ် တစ်ဦးပါ။ ဒီတစ်ခါတော့ သူတို့ကို အရှုံးတွေ့စေလိုပါတယ်။ ဒီပွဲက ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး " ဟု ဘက်ခမ်းက ပြောဆိုခဲ့သည်။ |