မီလန် အသင်းမှ ကွင်းလယ်လူ ဘက်ခမ်းက မိမိတို့ အနေဖြင့် မန်ယူကို ပြီးခဲ့သည့် ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ပထမအကျော့ အိမ်ကွင်းတွင် ၂း၃ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အခွင့်အရေး ကျန်နေသေးကြောင်း ပြောဆိုလိုက်သည်။ မီလန် အသင်းမှာ မနက်ဖြန်တွင် ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ အဝေးကွင်း ပွဲစဉ်အဖြစ် မန်ယူ အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ဘက်ခမ်းက " မန်ယူကို ကျွန်တော်တို့ အနေနဲ့ မနက်ဖြန်အဝေးကွင်းမှာ အနိုင်ယူမှာပါ။ ဒါပေမယ့် ဘယ်ဥရောပ အသင်းကိုမှ အလွတ်မပေးပဲ နှိပ်ကွပ်ပြတတ်တဲ့ မန်ယူရဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကျွန်တော်တို့ ရုန်းကန်ရနိုင်ပါတယ်။ မန်ယူ အသင်းဟာ ကျွန်တော့်ဘ၀မှာ အမှတ်ရစရာတွေ အများကြီး ရှိစေခဲ့ပါတယ်။ အခုလို ၇ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ ကိုယ့်ရဲ့ အသင်းဟောင်းမန်ယူနဲ့ အိုးလ်ထရက်ဖို့ဒ် ကွင်းမှာ ကစားရမှာဆိုတော့ အရမ်းကို ပျော်မိပါတယ် " ဟု ပြောဆိုခဲ့သည်။ |