လိုင်ယွန် အသင်းမှ ကစားသမား များမှာ မနက်ဖြန် ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယ အကျော့ အဝေးကွင်းပွဲတွင် ရီးရဲလ် အသင်းကို အနိုင်ယူ ကျော်ဖြတ်ပြီး နောက်တစ်ဆင့်တက်ရန် ယုံကြည်မှု မြင့်မားနေပြီ ဖြစ်သည်။ ပြီးခဲ့သည့် ပထမအကျော့ အိမ်ကွင်းတွင် ကစားစဉ်က လိုင်ယွန် အသင်းမှာ ရီးရဲလ်ကို ၁းဝ ဖြင့် အနိုင်ရခဲ့သည်။ အင်တာဗျူး တစ်ခုတွင် လိုင်ယွန် ကစားသမားတစ်ဦးဖြစ်သူ ပရန်ဂျစ်က " ရီးရဲလ်ဟာ ဒီနှစ် ချန်ပီယံလိဂ် ဗိုလ်စွဲဖို့ ရေပန်းစားနေပေမယ့် အရိုးသားဆုံး ၀န်ခံရရင် ကျွန်တော်တို့ သူတို့ကို မနက်ဖြန်မှာ ထပ်ပြီး အနိုင် ယူနိုင် ပါသေးတယ်။ အဝေးကွင်းမှာ ကျွန်တော်တို့ ပထမ အကျော့တုန်းက လိုမျိုး အနိုင်ယူဖို့ မျှော်လင့် ထားပါတယ်။ ရီးရဲလ်ဟာ အသင်းကောင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ကလည်း အိမ်ကွင်းမှာ သူတို့ကို အနိုင်ယူထားခဲ့လို့ မနက်ဖြန် ပွဲအတွက် စိတ်ဓါတ်တွေ တက်ကြွနေပါပြီ " ဟု ပြောဆိုခဲ့သည်။ |