အင်တာ အသင်းမှ ဥက္ကဌ ဖြစ်သူ မိုရက်တီက မိမိ အနေဖြင့် ဂျီနိုအာ ကို အိမ်ကွင်းတွင် ဂိုးမရှိ သရေ ကျခဲ့သည့် အသင်း၏ စီးရီးအေ ပွဲအတွက် စိတ်ပျက်မိကြောင်း ပြောဆိုလိုက်သည်။ ယခုရာသီ စီးရီးအေ အမှတ်ပေး ဇယားတွင် အင်တာမှာ အဆင့် ၁ နေရာ၌ ရှိနေသော်လည်း ရလဒ်များ အနည်းငယ် တိမ်းစောင်းလာခဲ့သည်။ ဥက္ကဌ မိုရက်တီက " အသင်းရဲ့ အခြေအနေ တွေဟာ ကျွန်တော့် အတွက် သိပ်ပြီး လက်ခံစရာ မကောင်းပါဘူး။ ဘာဖြစ်လို့ အခုလိုမျိုးတွေ ဖြစ်နေသလဲဆိုတာ နားလည်ဖို့ ခက်ပါတယ်။ ဒါပေမယ့် ဒီလိုပဲ ရလဒ်တွေ ကမောက်ကမ ဖြစ်နေမယ် ဆိုရင်တော့ အသင်းဟာ ရာသီ ကုန်ခါနီးမှ ချန်ပီယံဆုနဲ့ ကပ်လွဲရတဲ့ ပုံစံမျိုး ဖြစ်သွားနိုင်ပါတယ် " ဟု ပြောဆိုခဲ့သည်။ |