မန်ချက်စတာ ယူနိုက်တက် အသင်းသည် ချဲလ်ဆီး ကွင်းလယ် ကစားသမား ဂျိုကိုးလ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ဖွယ် ရှိသည်ဟု သိရသည်။ ဂျိုကိုးလ် သည် ချဲလ်ဆီး အသင်းထံ လစာငွေ ထပ်တိုးပေးရန် တောင်းဆို နေသည့် အတွက် အသင်းနှင့် စာချုပ်သစ် ကိစ္စ ဆွေးနွေးမှုတွင် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေရသည်။ ထို့အပြင် ဂျိုကိုးလ်သည် ၎င်း၏ ဒူးဒဏ်ရာ ကြောင့် အင်္ဂလန် အသင်းတွင် ပါဝင်ခွင့် ရရန် ရုန်းကန်နေရသည်။ ချဲလ်ဆီး အသင်းသည် ဂျိုကိုးလ် တောင်းဆိုသည့် တစ်ပတ်လုပ်ခ ပေါင် ၈ သောင်းမှ ပေါင် ၁ သိန်းအထိ လစာငွေ ပမာဏကို ပေးဆောင်ရန် ဆန္ဒရှိပုံ မပေါ်ဟု သိရသည်။ စပါး၊ လီဗာပူး နှင့် မန်စီးတီး အသင်းတို့သည်လည်း ဂျိုကိုးလ်ကို ခေါ်ယူရန် စိတ်ဝင်စား နေသည်ဟု သိရသည်။ |