ချဲလ်ဆီး အသင်းသည် ဘာစီလိုနာ အသင်း၏ ညာနောက်ခံလူ အဲလ်ဗတ်စ်ကို လာမည့် နွေရာသီ ဈေးကွက်တွင် ခေါ်ယူသွားရန် စီစဉ်နေကြောင်း သိရသည်။ The Sunday Times သတင်းအရ ချဲလ်ဆီး အသင်းသည် အဲလ်ဗတ်စ် ကို ခေါ်ယူရန် ငွေကြေးအမြောက်အမြား သုံးစွဲမည်ဟု သိရသည်။ ချဲလ်ဆီး အသင်းသည် လက်ရှိ နောက်ခံလူ ဘော်ဆင်ဝါ ဒဏ်ရာကြောင့် ကာလရှည် အနားယူရတော့မည် ဖြစ်သဖြင့် ယခုကဲ့သို့ အဲလ်ဗက်စ်အား အလိုရှိနေခြင်း ဖြစ်သည်။ အဲလ်ဗက်စ်သည် ဘာစီလိုနာ အသင်း၏ အဓိက ကစားသမား တစ်ဦးဖြစ်ပြီး အသင်းနှင့် လက်ရှိ စာချုပ်သည် ၂၀၁၂ ခုနှစ်တွင်မှ ကုန်ဆုံးမည် ဖြစ်သည်။ |