မန်ချက်စတာ ယူနိုက်တက် အသင်းသည် နောက်ခံလူ ၀က်စ်ဘရောင်း၏ ဒဏ်ရာ အခြေအနေကို သိရှိနိုင်ရန် စောင့်ဆိုင်း နေသည်ဟု သိရသည်။ ၀က်စ်ဘရောင်း သည် ၀ုလ်ဖ် အသင်းနှင့် ကစားသည့် ပွဲတွင် ၎င်း၏ ဘယ်ဘက် ခြေဖ၀ါး အရိုးတစ်ချောင်း ကျိုးသွားဖွယ် ရှိသည်ဟု သိရသည်။ အကယ်၍ ခြေဖ၀ါး အရိုးကျိုးသွားပါက ဘရောင်းသည် မန်ယူ အသင်း၏ လက်ကျန် ပွဲစဉ်များနှင့် လွဲချော်နိုင်ပြီး ကမ္ဘာ့ဖလားပွဲနှင့်ပါ လွဲချော်သွားနိုင်သည်ဟုသိရသည်။ ဘရောင်းသည် လွန်ခဲ့သည့် တစ်နှစ်က ယခုကဲ့သို့ ခြေဖ၀ါး အရိုးတစ်ချောင်း ကျိုးခဲ့ဖူးသည်။ ၎င်းသည် အင်္ဂလန် အသင်းအတွက် ၂၃ ပွဲ ကစားထားပြီး ကမ္ဘာ့ဖလားအတွက် ကာပယ်လို၏ အပြီးသတ် လူစာရင်းတွင် ပါဝင်ရန် အလားအလာ ကောင်းနေသူ ဖြစ်သည်။ မန်ယူ အသင်းသည် ဘရောင်း၏ ဒဏ်ရာ စစ်ဆေးချက် ရလဒ်များကို စောင့်ဆိုင်းနေသည်ဟု ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ဆိုသည်။ |