အက်သလက်တီကို အသင်းသည် ဇာရာဂိုဇာ အသင်းဘက်သို့ ထိရောက်သော တိုက်စစ်ဆင်မှု များ မပြုလုပ်နိုင်ခဲ့ကြောင်း နည်းပြ ဖလော်ရက်စ်က ပြောကြားခဲ့သည်။ အက်သလက်တီကို အသင်းသည် ပထမပိုင်း ၇ မိနစ်တွင် ရရှိခဲ့သော ဂျာရိုဆစ်၏ သွင်းဂိုးဖြင့် အိမ်ရှင် ဇာရာဂိုဇာ အသင်းကို ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲပြီးရန် စက္ကန့်ပိုင်း အလိုတွင် ဘော်လ်ဒီ၏ နောက်ကျ ခေါင်းတိုက်ဂိုးဖြင့် သရေကျခဲ့သည်။ ယင်းပွဲစဉ်တွင် အ၀ါကဒ် စုစုပေါင်း ၁၀ ကဒ် တိတိ ပြသခဲ့ရပြီး အက်သလက်တီကို တိုက်စစ်မှူး ရီယက်စ်သည် ဒုတိယပိုင်း မိနစ် ၇၀ တွင် အနီကဒ်ဖြင့် တိုက်ရိုက် ထုတ်ပယ် ခံခဲ့ရသည်။ အက်သလက်တီကို အသင်းသည် လက်ရှိ လာလီဂါ အမှတ်ပေးဇယားတွင် အဆင့် ၁၁ နေရာ ရပ်တည်နေကာ ဇာရာဂိုဇာ အသင်းမှာ တန်းဆင်းဇုန် အနီး ရောက်ရှိနေသည်။ |