အင်္ဂလန် အသင်းနှင့် မန်ယူ နောက်ခံလူ ၀က်စ်ဘရောင်းသည် ခြေချောင်းရိုး ဒဏ်ရာကြောင့် လေးပတ်မှ ခြောက်ပတ်အထိ အနားယူတော့မည် ဟု သိရသည်။ "ဒဏ်ရာတွေကြောင့် သူ့ရဲ့ ဘောလုံးသမားဘ၀ဟာ ချော့မွေ့မှု မရှိလှပါဘူး" ဟု နည်းပြ ဖာဂူဆန်က ပြောဆိုခဲ့သည်။ ယခု ဒဏ်ရာကြောင့် ဘရောင်းအနေဖြင့် ကမ္ဘာ့ဖလား ပြိုင်ပွဲနှင့် လွဲချော်ဖွယ်ရှိနိုင်သည်ဟု သိရသည်။ သို့သော် လီဗာပူး ညာနောက်ခံလူ ဂလင်းဂျွန်ဆင်သည် ဒူးဒဏ်ရာမှ ပြန်လည် ကောင်းမွန်လာပြီဖြစ်သောကြောင့် အင်္ဂလန် နည်းပြ ကာပယ်လိုအတွက် စိတ်သက်သာစရာ တစ်ခု ဖြစ်လာခဲ့ရသည်။ နောက်ခံလူဘရောင်းသည် မီလန် အသင်းနှင့် ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်နှင့် မန်ယူအသင်း၏ ရာသီလက်ကျန်ပွဲစဉ် အချို့ကို လွဲချော်မည်ဖြစ်သည်။
|