အာဆင်နယ် အသင်းမှာ ယမန်နေ့က ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယ အကျော့ အိမ်ကွင်း ပွဲစဉ် အဖြစ် ပေါ်တို အသင်းနှင့် ကစားခဲ့ရာ ၅းဝ ဖြင့် အနိုင်ရခဲ့ပြီး ယင်းဂိုးများကို ပထမပိုင်း ၁၀ မိနစ်၊ ၂၅ မိနစ်နှင့် ဒုတိယပိုင်း မိနစ် ၉၀ တွင် ဘန်တနာ၊ ဒုတိယပိုင်း ၆၃ မိနစ်တွင် နာဆရီ အပြင် ၆၆ မိနစ်၌ အီဘိုယေးတို့က အသီးသီး သွင်းယူခဲ့သည်။ ယင်းကြောင့် ဂန်းနားတို့မှာ နှစ်ကျော့ပေါင်းရလဒ် ၆း၂ ဖြင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သည်။ အာဆင်နယ် အသင်းမှာ ပထမအကျော့ အဝေးကွင်း ပွဲစဉ်တွင် ပေါ်တိုကို ၂း၁ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ယမန်နေ့ အိမ်ကွင်းပွဲတွင် အကောင်းဆုံး အနိုင် ကစားပြနိုင်ခဲ့သည်။ ပေါ်တို အသင်းမှာ အာဆင်နယ် အသင်းကို အဝေးကွင်းတွင် လုံးဝ အနိုင်မရသည့် စံချိန်ကို ဆက်လက် ထိန်းသိမ်းခဲ့ရပြီး ပြိုင်ပွဲကပါ ထွက်ခဲ့ရပြီ ဖြစ်သည်။ |