ဘိုင်ယန် အသင်းမှာ ယမန်နေ့က ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယ အကျော့ အဝေးကွင်း ပွဲစဉ်အဖြစ် ဖီအိုရင်တီးနား အသင်းနှင့် ကစားခဲ့ရာ ၃း၂ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် ၄း၎ ဖြစ်ပြီး အဝေးဂိုး စည်းမျဉ်းဖြင့် နောက်တစ်ဆင့် တက်ပြီ ဖြစ်သည်။ ပထမ အကျော့ အိမ်ကွင်းတွင် ကစားခဲ့စဉ်က ဘိုင်ယန်မှာ ဖီအိုရင်တီးနား အသင်းကို ၂း၁ ဖြင့် အနိုင် ရထားသည်။ ယမန်နေ့ ပွဲတွင် ဘိုင်ယန် အတွက် ဂိုးများကို ဒုတိယပိုင်း မိနစ် ၆၀ တွင် ဗန်ဘွန်မဲလ် နှင့် ၆၅ မိနစ်တွင် ရော်ဘင်တို့က သွင်းယူခဲ့ပြီး အိမ်ရှင် ဖီအိုရင်တီးနား အတွက် ဂိုးများကို ပထမပိုင်း ၂၈ မိနစ်တွင် ဗာဂတ်စ်အပြင် ဒုတိယပိုင်း ၅၄ မိနစ်နှင့် ၆၄ မိနစ်တွင် ဂျိုဗီတစ် တို့က သွင်းယူခဲ့သည်။ |