ဘာမင်ဂမ် အသင်းမှာ ယမန်နေ့က ပရီးမီးယား အဝေးကွင်း ပွဲစဉ်အဖြစ် ပို့စ်မောက် အသင်းနှင့် ကစားခဲ့ရာ ၁း၂ ဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းကြောင့် ဘာမင်ဂမ် အသင်း အနေဖြင့် FA ဖလား ကွာတားဖိုင်နယ် ပွဲမှ တင်ကျန်နေသည့် ရှုံးကြွေးကို ပို့စ်မောက် အသင်းအား အကျေ ဆပ်ပြနိုင်ခဲ့ပြီ ဖြစ်သည်။ ယမန်နေ့ပွဲတွင် ဘာမင်ဂမ် အသင်းအတွက် ဂိုးများကို ပထမပိုင်း ၁၆ မိနစ် နှင့် ၄၂ မိနစ်တွင် ဂျာရိုမီက တစ်ဦးတည်း သွင်းယူသွားခဲ့ပြီး အိမ်ရှင် ပို့စ်မောက် အသင်းမှာ ဒုတိယပိုင်း မိနစ် ၉၀ တွင် သွင်းယူခဲ့သည့် ကနူး၏ ချေပဂိုးဖြင့်သာ ကျေနပ်ခဲ့ရသည်။ ဘာမင်ဂမ် အသင်းမှာ ပရီးမီးယား အမှတ်ပေးဇယားတွင် ရမှတ် ၄၃ မှတ်ဖြင့် အဆင့် ၈ နေရာတွင် ရှိနေပြီး ပို့စ်မောက်မှာ ရမှတ် ၁၉ မှတ်ဖြင့် အဆင့် ၂၀ တွင် ရပ်တည်နေသည်။ |