Yangon United Football Club ၏ Sliver Membership Program အကြောင်းနှင့် ရာသီပိတ် သတင်းစာ ရှင်းလင်းပွဲ ကို ဇန်န၀ါရီလ ၂၁ ရက်နေ့ နေ့လည် ၂ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ Espace Avenir အစည်းအဝေး ခန်းမတွင် ပြုလုပ် ခဲ့သည်။ အခမ်းအနားတွင် YUFC မှ Senior Manager ဦးကျော်သူဦးက အသစ်လက်ခံမည့် Sliver Membership တွင် ခံစားခွင့် သုံးမျိုး ပါဝင်ရာ YUFC နှင့် မိတ်ဖက် ဆိုင်များမှ Discount များ ခံစားခွင့်၊ လစဉ် Lucky Draw ခံစားခွင့်၊ Referral Scheme များ ရရှိနိုင်မည့်အခြေအနေ၊ Member ၀င်များမှ ထပ်မံပြီး သူငယ်ချင်း အပေါင်းအသင်း များကို Referral ပြုလုပ်ပါက Reward Point များ ရရှိနိုင်မည့် (ဥပမာ Member တစ်ယောက်မှ နောက်ထပ် ၁၀ ယောက် Referral ပြုလုပ်ပါက Reward Point ၃၅၀၀၀ ကျပ် ရရှိနိုင်ကြောင်း၊ အရေအတွက် များများ Referral ပြုလုပ်ပါက Reward Point များ ထပ်မံ ရရှိ နိုင်ကြောင်း) အနေအထားများနှင့် ပတ်သက်၍ ပြောကြားခဲ့ပါသည်။ Sliver Membership များမှာ ပုံမှန်အရ Member ၀င်ကြေးကျပ် တစ်သောင်းခွဲ၊ နှစ်စဉ်ကြေး ကျပ် သုံးသောင်းခွဲ သတ်မှတ် ထားသော်လည်း စတင်လက်ခံသော ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၃၁ ရက်အထိ အထူးအစီအစဉ်ဖြင့် ၀င်ကြေး ကျပ် တစ်သောင်းခွဲပေးရန်မလိုပဲ နှစ်စဉ်ကြေး ကျပ် သုံးသောင်းခွဲသာ ပေးသွင်းရမည်ဖြစ်သည်။ ရန်ကုန် ယူနိုက်တက်မှ Sliver Member ပရိုမိုးရှင်းပွဲနှင့် ပစ္စည်းသစ် မိတ်ဆက်ရောင်းပွဲများကို ဖေဖော်ဝါရီ ပထမပတ်တွင် ဒဂုံစင်တာ၊ ဖေဖော်ဝါရီ ဒုတိယပတ်တွင် ရန်ကင်းစင်တာ တို့၌ ပြုလုပ် သွားမည် ဖြစ်သည်။
|