မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပမည့် ၂၀၁၀ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားသည့် နေပြည်တော် ကိုယ်စားပြု နေပြည်တော် အသင်းမှ ကစားသမား များအား စာချုပ် ချုပ်ဆိုပွဲ အခမ်းအနားကို ဖေဖော်ဝါရီ တစ်ရက် ညနေပိုင်းက ကျင်းပခဲ့သည်။ အဆိုပါ စာချုပ် ချုပ်ဆိုပွဲသို့ နေပြည်တော် အသင်း ပိုင်ရှင်နှင့် ဥက္ကဌ ဦးဖြိုးကိုကိုတင့်ဆန်း နှင့် တာဝန်ရှိသူများ၊ အုပ်ချုပ်မှု အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။ နေပြည်တော် အသင်းသည် နည်းပြ လေးဦးနှင့် ကစားသမား ၃၉ ဦးတို့အား စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ နေပြည်တော် ဘောလုံး အသင်းတွင် အသင်းပိုင်ရှင် နှင့် ဥက္ကဌအဖြစ် ဦးဖြိုးကိုကိုတင့်ဆန်း(ACE ဆောက်လုပ်ရေး)၊ အုပ်ချုပ်သူ အဖြစ် ဦးစန်းလွင်၊ လက်ထောက် အုပ်ချုပ်သူ အဖြစ် ဦးကျော်ဆန်းဝင်း၊ နည်းပြ ချုပ်အဖြစ် ဦးဇော်ဝင်း(ခ)ဘီသို၊ လက်ထောက်နည်းပြများအဖြစ် ဦးတင်ဝင်းထွန်းနှင့် ဦးနိုင်ဝင်း၊ ဂိုးနည်းပြအဖြစ် ဦးစောနေဒါ၊ ဘဏ္ဍာရေးမှူး အဖြစ် ဦးဇော်ဝင်းသိန်း၊ စာရင်းစစ်အဖြစ် ဦးသိန်းဇော်မြင့်၊ ကစားသမားများအဖြစ် လာကျဲအိုလွယ်(မြန်မာ့လက်ရွေးစင်ဟောင်း)၊ သီဟ၊ ညီညီစိုး၊ ဇော်လင်း၊ ငြိမ်းချမ်း၊ ထက်အောင်၊ သန်းဇော်လင်း၊ ဟိန်းဇာထွန်း၊ ရန်နိုင်အောင်၊ ကျော်ကျော်ချစ်၊ နိုင်ကျော်သူလတ်၊ ဝေဖြိုးဦး၊ ချစ်သဲမောင်၊ နေအောင်၊ သိန်းဇော်မျိုး၊ ကျော်ဆန်းဝင်း၊ ခိုင်ထူး၊ လတ်ကိုကိုဝင်း၊ ကျော်ဇေယျ၊ ဝေဖြိုးထက်၊ သက်ထူးအောင်၊ ကျော်စိုး၊ စိုးသူရ၊ အောင်အောင်၊ အောင်ကျော်ရွှေ၊ အောင်မျိုးမင်း၊ ကျော်ဝေယံ၊ ညီညီထွန်း၊ သုနောင်၊ သူရဇော်၊ နေဇော်အောင်၊ သဲနောင်၊ နေမျိုးနိုင်၊ ရဲဝင်းနိုင်၊ တင့်ဇော်ထိုက်၊ သိန်းဇော်၊ စိုးမင်းအောင်၊ ရဲနီဇာ နှင့် အောင်ဝင်းသန့်တို့ ပါဝင်ကြသည်။ |