>> ရိန်းဂျားနှင့် ဆဲလ်တစ် အင်္ဂလန် ပရီးမီးယားလိဂ်သို့ ပြောင်းမည် မဟုတ်   >> မိမိ၏ လက်ရွေးစင်ဘ၀ အနာဂတ် မသေချာဟု ဆိုတဲ့ တီဗက်ဇ်   >> မန်ယူနှင့် ချန်ပီယံလိဂ် ပွဲအတွက် ရိန်းဂျုားကွင်းလယ်လူ စိတ်လှုပ်ရှားနေ   >> အင်္ဂလန် ကပ္ပတိန် ရာထူးကို ဖာဒီနန် မျှော်လင့်ဆဲဖြစ်နေ   >> ဘာလိုတယ်လီ ၆ ပတ် နားရမည်    >> ဝေါးလ်ကော့၏ ခြေချင်းဝတ် ဒဏ်ရာကို အာဆင်နယ် စစ်ဆေးမည်   >> ယူရို ၂၀၁၂ အပြီးတွင် ရာထူးမှ နုတ်ထွက်မည်ဟု ကာပယ်လို ပြောဆို   >> ကာကာကို ချဉ်းကပ်နေသည့် သတင်းမှာ မဟုတ်မှန်ကြောင်း အင်တာ ငြင်းဆို   >> ဒတ်ခ်ျ FA နှင့် ဘိုင်ယန်မြူးနစ် အကြား အငြင်းပွားမှု ဘလတ္တာ ၀င်စွက်   >> အဲဗာတန် ပရိသတ်များ၏ လှောင်ပြောင်မှုကို ရွန်းနေ ခံရဖွယ်ရှိ   >> နိုင်ငံတကာပွဲစဉ် ဇယားများကို ပြန်လည်သုံးသပ်ရန် ဖီဖာကို ကလပ်အသင်းများ တောင်းဆို   >> လှုပ်လှုပ်ရှားရှား အာရှကျားများ   >> ဘူလ်ဂေးရီးယား နည်းပြ ရာထူးမှ နှုတ်ထွက်ပြီ   >> ဥရောပ ယူ-၂၁ ချန်ပီယံရှစ် Play-off ပွဲစဉ်များ မနက်ဖြန်တွင် မဲခွဲမည်   >> နိုင်ငံတော်သီချင်းအား လှောင်ပြောင်သော စကော့ ပရိသတ်များကို ဂျော့ခ်ျပိ ပေါက်ကွဲနေ  
 

 
2010-09-09 09:49:01 Login Password
Bookmark and Share
မြန်မာတို့ ဘင်္ဂလားဒေ့ရှ် အသင်းကို ၂း၁ ဂိုးဖြင့် အနိုင်ယူ
Post Date: 2010-02-19 03:31:39

   ၂၀၁၀ AFC Challenge Cup ဘောလုံးပြိုင်ပွဲ အုပ်စု (က) ဒုတိယနေ့ ပွဲစဉ်များကို ယမန်နေ့က သီရိလင်္ကာ နိုင်ငံ၊ ကိုလံဘိုမြို့တွင် ဆက်လက် ကျင်းပရာ မြန်မာအသင်းက ဘင်္ဂလားဒေ့ရှ် အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။
   မြန်မာအသင်းအတွက် ဂိုးများကို ကွင်းလယ် ကစားသမားများ ဖြစ်ကြသည့် ထွန်းထွန်းဝင်းက ပထမပိုင်း ပွဲချိန် ၁၆ မိနစ်မှာပင် အဖွင့်ဂိုး သွင်းယူခဲ့ပြီး ပိုင်စိုးက ပွဲချိန် ၃၂ မိနစ်တွင် ဒုတိယ အနိုင်ဂိုး သွင်းယူပြီး ပထမပိုင်း ပွဲပြီးချိန်တွင် မြန်မာ အသင်းက ၂ ဂိုးပြတ်ဖြင့် ဦးဆောင်ခဲ့သည်။
   ဘင်္ဂလားဒေ့ရှ် အသင်းအတွက် ချေပဂိုးတစ်ဂိုးကို လူစားဝင်လာသူ ဇာဟစ်ဟော့စိန်က ဒုတိယပိုင်း ပွဲကစားချိန် ၄၉ မိနစ်တွင် သွင်းယူ ပေးခဲ့သည်။
   ဘင်္ဂလားဒေ့ရှ် အသင်းသည် ပွဲအစ ၃ မိနစ်မှာပင် ဦးဆောင်ဂိုး ရရှိရန် အခွင့်အရေး ရရှိခဲ့သော်လည်း ဂိုးပေါက်နှင့် လွဲချော်ခဲ့သည်။
   ယခုပွဲတွင် မြန်မာအသင်းသည် အကောင်းဆုံး ကစားသွားနိုင်ခဲ့ပြီး ပြိုင်ဘက် ဘင်္ဂလားဒေ့ရှ် အသင်းကို အခွင့်အရေးများ မရအောင် ထိန်းချုပ်ကစားသွားခဲ့သည်။
    မြန်မာအသင်းအတွက် တတိယဂိုး ရရှိနိုင်မည့် အခွင့်အရေး ကောင်းတစ်ခုကို ဒုတိယပိုင်းတွင် လူစားဝင်လာသူ ပြည့်ဖြိုးဦးရရှိခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် ဂိုးသမား ဟာကီက အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့သည်။
   ယခုပွဲတွင် အနိုင်ရရှိခဲ့သည့် မြန်မာအသင်းသည် အုပ်စု (က) တွင် ၂ ပွဲနိုင်၊ ၆ မှတ်ရရှိထားပြီး ဂိုးကွာခြားချက် +၅ အရ အုပ်စု နောက်ဆုံးပွဲ သရေကျလျှင်ပင် ဆီမီးဖိုင်နယ် တက်ရောက် နိုင်မည် ဖြစ်သည်။
 

 
More MMNews

ť

ဆောက်သမ်း မြန်မာနှင့် ကမ္ဘောဇ ကွာတားတက်

ť

မကွေးကို အနိုင်ယူခဲ့သည့် ဥဿာယူနိုက်တက်

ť

နာမည်ကြီး ရတနာပုံ၊ ကမ္ဘောဇနှင့် ရန်ကုန်ယူနိုက်တက်တို့ နိုင်ပွဲမရ

ť

ဇွဲကပင်ကို ဥဿာယူနိုက်တက် အနိုင်ရရှိ

ť

ဆောက်သမ်း မြန်မာကို သရေကစားနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ť

ကမ္ဘောဇ၊ ဒဲလ်တာနှင့် လက်ရှိချန်ပီယံ ရတနာပုံတို့ အနိုင်ရ

ť

မြန်မာဘောလုံး လေ့လာရေး အဖွဲ့ ဂျပန်နှင့် ကိုးရီးယားသို့ ထွက်ခွာ

ť

မနောမြေ အနိုင်ရရှိ

ť

မကွေး နှင့် ဇေယျာရွှေမြေ နိုင်ပွဲဆက်

ť

ကမ္ဘောဇ နှင့် ရတနာပုံတို့ နိုင်ပွဲရ