သီရိလင်္ကာ နိုင်ငံ ကိုလံဘိုမြို့တော်တွင် ကျင်းပနေသော AFC Challenge Cup ပြိုင်ပွဲ၏ အုပ်စု နောက်ဆုံး ပွဲစဉ်များကို ယမန်နေ့က ယှဉ်ပြိုင် ကစားခဲ့ရာ တာ့ခ်မင်နစ္စတန်က ကာဂျစ်စတန်ကို ၁းဝ ဖြင့် နိုင်ခဲ့ပြီး မြောက်ကိုးရီးယားက လက်ရှိ ချန်ပီယံ အိန္ဒိယကို ၃းဝ ဖြင့် အနိုင်ရရှိခဲ့သည်။ ဆီမီးဖိုင်နယ် ပွဲစဉ်များကို လာမည့် ဗုဒ္ဓဟူးနေ့တွင် ကစားရမည်ဖြစ်ပြီး မြောက်ကိုးရီးယားက မြန်မာနှင့် ၎င်း တာ့ခ်မင်နစ္စတန်က တာဂျစ်တန်နှင့် ၎င်း တွေ့ဆုံကြရမည် ဖြစ်သည်။ ယင်းဆီမီးဖိုင်နယ်ပွဲများမှ အနိုင်ရရှိသော ၂ သင်းမှာ စနေနေ့တွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ကစားကြရမည် ဖြစ်ကာ အနိုင်ရသည့် အသင်းမှာ လာမည့် နှစ် AFC အာရှဖလား ပြိုင်ပွဲသို့ ၀င်ခွင့်ရမည် ဖြစ်သည်။ ၈ သင်းပါ ယခုပြိုင်ပွဲတွင် မြောက်ကိုးရီးယားမှာ ၃ ပွဲကစားရာ၌ ရဂိုး ၈ ဂိုးအထိ ရရှိထားပြီး၊ မြန်မာအသင်းမှာ ရဂိုး ၆ ဂိုး၊ ပေးဂိုး ၄ ဂိုးရှိထားသည့် အသင်း ဖြစ်သည်။ ၂ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီးနောက် ဆီမီးတက်ရန် သေချာနေသော မြန်မာအသင်းမှာ ၁၉ ရက်နေ့က တာဂျစ်ကစ္စတန်နှင့် ပွဲတွင် ၃းဝ ဖြင့် ရှုံးနိမ့်ခဲ့သည်။ |