>> ရိန်းဂျားနှင့် ဆဲလ်တစ် အင်္ဂလန် ပရီးမီးယားလိဂ်သို့ ပြောင်းမည် မဟုတ်   >> မိမိ၏ လက်ရွေးစင်ဘ၀ အနာဂတ် မသေချာဟု ဆိုတဲ့ တီဗက်ဇ်   >> မန်ယူနှင့် ချန်ပီယံလိဂ် ပွဲအတွက် ရိန်းဂျုားကွင်းလယ်လူ စိတ်လှုပ်ရှားနေ   >> အင်္ဂလန် ကပ္ပတိန် ရာထူးကို ဖာဒီနန် မျှော်လင့်ဆဲဖြစ်နေ   >> ဘာလိုတယ်လီ ၆ ပတ် နားရမည်    >> ဝေါးလ်ကော့၏ ခြေချင်းဝတ် ဒဏ်ရာကို အာဆင်နယ် စစ်ဆေးမည်   >> ယူရို ၂၀၁၂ အပြီးတွင် ရာထူးမှ နုတ်ထွက်မည်ဟု ကာပယ်လို ပြောဆို   >> ကာကာကို ချဉ်းကပ်နေသည့် သတင်းမှာ မဟုတ်မှန်ကြောင်း အင်တာ ငြင်းဆို   >> ဒတ်ခ်ျ FA နှင့် ဘိုင်ယန်မြူးနစ် အကြား အငြင်းပွားမှု ဘလတ္တာ ၀င်စွက်   >> အဲဗာတန် ပရိသတ်များ၏ လှောင်ပြောင်မှုကို ရွန်းနေ ခံရဖွယ်ရှိ   >> နိုင်ငံတကာပွဲစဉ် ဇယားများကို ပြန်လည်သုံးသပ်ရန် ဖီဖာကို ကလပ်အသင်းများ တောင်းဆို   >> လှုပ်လှုပ်ရှားရှား အာရှကျားများ   >> ဘူလ်ဂေးရီးယား နည်းပြ ရာထူးမှ နှုတ်ထွက်ပြီ   >> ဥရောပ ယူ-၂၁ ချန်ပီယံရှစ် Play-off ပွဲစဉ်များ မနက်ဖြန်တွင် မဲခွဲမည်   >> နိုင်ငံတော်သီချင်းအား လှောင်ပြောင်သော စကော့ ပရိသတ်များကို ဂျော့ခ်ျပိ ပေါက်ကွဲနေ  
 

 
2010-09-09 09:44:40 Login Password
Bookmark and Share
မြောက်ကိုးရီးယားအသင်းကို စိုးရွံ့နေမည် မဟုတ်ဟု မြန်မာ နည်းပြဆို
Post Date: 2010-02-24 00:54:32

   မြန်မာ အသင်းသည် ယနေ့ညနေတွင် ကစားမည့် AFC Challenge Cup ဆီမီးဖိုင်နယ် ပွဲတွင် ပြိုင်ဘက် မြောက်ကိုးရီးယား အသင်းကို ကြောက်ရွံ့နေမည် မဟုတ်ကြောင်း မြန်မာ အသင်း နည်းပြ ဦးတင်မြင့်အောင်က  ပြောကြားခဲ့သည်။
   ယခု ဆီမီးပွဲတွင် မြန်မာ အသင်း အနေဖြင့် တိုက်စစ်မှူး ရန်ပိုင်ပြန်လည် ပါဝင်လာမည် ဖြစ်သော်လည်း ကွင်းလယ် အဖျက် ကစားသမား အောင်ကျော်မိုး ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်မည် ဖြစ်သည်။
   "ရန်ပိုင် ပြန်လည် ပါဝင်လာတာဟာ ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ လက္ခဏာ တစ်ခုပါ။ ဒါပေမယ့် ဒီပွဲဟာ ခက်ခက်ခဲခဲ ကစားရမယ့် ပွဲတစ်ပွဲပါ။ ကစားသမားတွေကို စိတ်ဓာတ်ပိုင်းမှာ အထူး မြှင့်တင်ပေးထားပါတယ်။ ဒီပွဲအတွက် ဘာလုပ်ရမယ် ဆိုတာ သူတို့ သိထားကြပါတယ်။ ကွင်းလယ် ကစားသမား တစ်ယောက် ပွဲပယ် ပြစ်ဒဏ်ကြောင့် မပါဝင် နိုင်တာကိုတော့ စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ရွေးချယ် အစားထိုးစရာ အစီအစဉ်တွေ အများကြီးရှိပါတယ်။
   မြောက်ကိုးရီးယား အသင်းဟာ အလွန်တောင့်တင်းတဲ့ အသင်းတစ်သင်းဆိုတာ သိထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ယှဉ်ပြိုင် ကစားသွားမှာပါ" ဟု ဦးတင်မြင့်အောင်က ပြောကြားခဲ့သည်။
    မြောက်ကိုးရီးယား နည်းပြ ဂျိုတောင်ဆွပ်ကလည်း မြန်မာတိုက်စစ်မှူး ရန်ပိုင်ကို အထူး သတိထားရမည်ဟု ပြောဆိုထားသည်။
     "သူက အရပ်ရှည်တော့ ကျွန်တော်တို့ အထူးပြင်ဆင်ထားရပါတယ်။ ပြီးတော့ သူက နေရာယူတတ်တယ်။ ခေါင်းတိုက်ဘောတွေလည်း ကောင်းတယ်။ ဘောလုံး ဖြန့်ဝေတဲ့ အပိုင်းမှာလည်း ကောင်းတယ်။ ဒါကြောင့် သူ့ကို ဘယ်လို ထိန်းချုပ်ရမယ်ဆိုတာ ပြင်ဆင်ထားပါတယ်။ မြန်မာအသင်း အကြောင်းကို သိထားပြီးပါပြီ။ ၂၀၀၈ ပြိုင်ပွဲ တုန်းကလည်း သူတို့နဲ့ ကစားခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အနေနဲ့ နည်းဗျူဟာပိုင်း အရည်အသွေးကို ပြသဖို့ လိုအပ်ပါတယ်။ နှစ်သင်း စလုံးဟာ ရည်မှန်းချက် တူညီနေကြပါတယ်။ မြန်မာအသင်းဟာ လျင်လျင်မြန်မြန် ကစားတတ်တော့ ကျွန်တော့်အနေနဲ့ တိုက်စစ်နဲ့ ခံစစ်ကို အထူး ပြင်ဆင်ထားပါတယ်" ဟု နည်းပြ ဂျိုတောင်ဆွပ်က ပြောကြားခဲ့သည်။

 
More MMNews

ဆောက်သမ်း မြန်မာနှင့် ကမ္ဘောဇ ကွာတားတက်

မကွေးကို အနိုင်ယူခဲ့သည့် ဥဿာယူနိုက်တက်

နာမည်ကြီး ရတနာပုံ၊ ကမ္ဘောဇနှင့် ရန်ကုန်ယူနိုက်တက်တို့ နိုင်ပွဲမရ

ဇွဲကပင်ကို ဥဿာယူနိုက်တက် အနိုင်ရရှိ

ဆောက်သမ်း မြန်မာကို သရေကစားနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ကမ္ဘောဇ၊ ဒဲလ်တာနှင့် လက်ရှိချန်ပီယံ ရတနာပုံတို့ အနိုင်ရ

မြန်မာဘောလုံး လေ့လာရေး အဖွဲ့ ဂျပန်နှင့် ကိုးရီးယားသို့ ထွက်ခွာ

မနောမြေ အနိုင်ရရှိ

မကွေး နှင့် ဇေယျာရွှေမြေ နိုင်ပွဲဆက်

ကမ္ဘောဇ နှင့် ရတနာပုံတို့ နိုင်ပွဲရ