>> ရိန်းဂျားနှင့် ဆဲလ်တစ် အင်္ဂလန် ပရီးမီးယားလိဂ်သို့ ပြောင်းမည် မဟုတ်   >> မိမိ၏ လက်ရွေးစင်ဘ၀ အနာဂတ် မသေချာဟု ဆိုတဲ့ တီဗက်ဇ်   >> မန်ယူနှင့် ချန်ပီယံလိဂ် ပွဲအတွက် ရိန်းဂျုားကွင်းလယ်လူ စိတ်လှုပ်ရှားနေ   >> အင်္ဂလန် ကပ္ပတိန် ရာထူးကို ဖာဒီနန် မျှော်လင့်ဆဲဖြစ်နေ   >> ဘာလိုတယ်လီ ၆ ပတ် နားရမည်    >> ဝေါးလ်ကော့၏ ခြေချင်းဝတ် ဒဏ်ရာကို အာဆင်နယ် စစ်ဆေးမည်   >> ယူရို ၂၀၁၂ အပြီးတွင် ရာထူးမှ နုတ်ထွက်မည်ဟု ကာပယ်လို ပြောဆို   >> ကာကာကို ချဉ်းကပ်နေသည့် သတင်းမှာ မဟုတ်မှန်ကြောင်း အင်တာ ငြင်းဆို   >> ဒတ်ခ်ျ FA နှင့် ဘိုင်ယန်မြူးနစ် အကြား အငြင်းပွားမှု ဘလတ္တာ ၀င်စွက်   >> အဲဗာတန် ပရိသတ်များ၏ လှောင်ပြောင်မှုကို ရွန်းနေ ခံရဖွယ်ရှိ   >> နိုင်ငံတကာပွဲစဉ် ဇယားများကို ပြန်လည်သုံးသပ်ရန် ဖီဖာကို ကလပ်အသင်းများ တောင်းဆို   >> လှုပ်လှုပ်ရှားရှား အာရှကျားများ   >> ဘူလ်ဂေးရီးယား နည်းပြ ရာထူးမှ နှုတ်ထွက်ပြီ   >> ဥရောပ ယူ-၂၁ ချန်ပီယံရှစ် Play-off ပွဲစဉ်များ မနက်ဖြန်တွင် မဲခွဲမည်   >> နိုင်ငံတော်သီချင်းအား လှောင်ပြောင်သော စကော့ ပရိသတ်များကို ဂျော့ခ်ျပိ ပေါက်ကွဲနေ  
 

 
2010-09-09 10:32:51 Login Password
Bookmark and Share
မြန်မာအသင်းကို ဂိုးပြတ် အနိုင်ယူလိုက်သည့် မြောက်ကိုးရီးယား
Post Date: 2010-02-25 00:23:01

  ၂၀၁၀ AFC Challenge Cup ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်တွင် မြောက်ကိုးရီးယားအသင်းက မြန်မာအသင်းကို  ၅ ဂိုးပြတ်ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။
    မြောက်ကိုးရီးယား အသင်း အတွက် ဂိုးများကို ချိုချိုလ်မန်းက နှစ်ဂိုးနှင့် ချိုမြောင်ဟို၊ ပတ်ဆောင်ချိုနှင့် ကင်မ်ဆောင်ယောင် တို့က တစ်ဂိုးစီ အသီးသီး သွင်းယူ သွားခဲ့ကြသည်။
   မြောက်ကိုးရီးယား အသင်းသည် ယခုပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းစား နေသည့် အသင်းဖြစ်သည့် အတိုင်း ခြေစွမ်းပြ ကစားသွားကာ မြန်မာ အသင်းအပေါ် ခြေအသာ၊ ဂိုးပြတ်ဖြင့် အနိုင်ရသွားခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုးရီးယား အသင်းသည် ပွဲအစ ၆ မိနစ်မှာပင် ချိုမြောင်ဟို၏ ခေါင်းတိုက်ဂိုးဖြင့် မြန်မာအသင်း အပေါ် ဦးဆောင် နိုင်ခဲ့သည်။ အဖွင့်ဂိုး ရရှိပြီးနောက် ပွဲကစားချိန် ၁၂ မိနစ်အရောက်တွင် ချိုချိုလ်မန်းက ဒုတိယဂိုးနှင့် ဆက်တိုက်ဆိုသလို ၁၃ မိနစ်အတွင် ယခုပြိုင်ပွဲ၏ ဂိုးသွင်းရှင် တစ်ဦးဖြစ်သည့် ပတ်ဆောင်ချိုက မြောက်ကိုးရီးယား အတွက် တတိယ ဂိုးသွင်းယူသွားပြီး ပထမပိုင်းတွင် မြောက်ကိုးရီးယား အသင်းက ၃ ဂိုးပြတ်ဖြင့် ဦးဆောင် ထားနိုင်ခဲ့သည်။
   တိုက်စစ်မှူး ပတ်ဆောင်ချို သွင်းယူခဲ့သည့် ဂိုးသည် ယခုပြိုင်ပွဲ၏ အကောင်းဆုံး ဂိုးများထဲတွင် တစ်ဂိုး အပါအ၀င် ဖြစ်ခဲ့ပြီး ဂိုးနှင့် ကိုက် ၃၀ အကွာမှ အပြင်း ကန်သွင်း ယူသွားခြင်း ဖြစ်သည်။
   မြောက်ကိုးရီးယားအသင်းတွက် စတုတ္ထဂိုးကို ဒုတိယ ဂိုးသွင်းသွားသူ ချိုချိုလ်မန်းက ဒုတိယပိုင်းပွဲချိန် ၇၃ မိနစ်တွင် သွင်းယူခဲ့ပြီး ယခုပွဲ၏ ပွဲသိမ်းအနိုင်ဂိုးကို ကင်မ်ဆောင်ယောင်က ပွဲပြီးရန် ၅ မိနစ်အလိုတွင် သွင်းယူသွားခဲ့သည်။
   မြန်မာအသင်းအနေဖြင့် အရှေ့အာရှသား မြောက်ကိုးရီးယား အသင်းကို အဘက်ဘက်မှ မယှဉ်နိုင်၍သာ ယခုကဲ့သို့ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။
   ယခုပွဲ အနိုင်ရသွားသည့် မြောက်ကိုရီးယား အသင်းသည် ဆီမီးဖိုင်နယ် ပထမပွဲစဉ်တွင် အနိုင်ရခဲ့သည့် တာ့ခ်မင်နစ္စတန် အသင်းနှင့် လာမည့် စနေနေ့တွင် နောက်ဆုံး ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
   ပြိုင်ပွဲ၏ တတိယ နေရာအတွက် မြန်မာ အသင်းနှင့် တာဂျစ်ကစ္စတန် အသင်းတို့ တွေ့ဆုံ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 

 
More MMNews

ဆောက်သမ်း မြန်မာနှင့် ကမ္ဘောဇ ကွာတားတက်

မကွေးကို အနိုင်ယူခဲ့သည့် ဥဿာယူနိုက်တက်

နာမည်ကြီး ရတနာပုံ၊ ကမ္ဘောဇနှင့် ရန်ကုန်ယူနိုက်တက်တို့ နိုင်ပွဲမရ

ဇွဲကပင်ကို ဥဿာယူနိုက်တက် အနိုင်ရရှိ

ဆောက်သမ်း မြန်မာကို သရေကစားနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ကမ္ဘောဇ၊ ဒဲလ်တာနှင့် လက်ရှိချန်ပီယံ ရတနာပုံတို့ အနိုင်ရ

မြန်မာဘောလုံး လေ့လာရေး အဖွဲ့ ဂျပန်နှင့် ကိုးရီးယားသို့ ထွက်ခွာ

မနောမြေ အနိုင်ရရှိ

မကွေး နှင့် ဇေယျာရွှေမြေ နိုင်ပွဲဆက်

ကမ္ဘောဇ နှင့် ရတနာပုံတို့ နိုင်ပွဲရ