မန်ယူ - မီလန်
ပထမအကျော့ မီလန် ၂-၃ မန်ယူ
အိမ်ရှင်ဖြစ်တဲ့ အပြင် ၁း၂ အထိ ရှုံးခွင့်ရှိနေတဲ့ မန်ယူ ဘယ်လိုကစား မယ်ဆိုတာ စိတ်ဝင်စားစရာပါ။
ပထမ အကျော့မှာ အဝေးဂိုး ၃ ဂိုးအထိ ပေးလိုက်ရတဲ့ မီလန် အနေနဲ့ ၀း၂ ဆိုတဲ့ ရလဒ်မျိုး ဒါမှ မဟုတ် ၁း၃ ဆိုတဲ့ ရလဒ်မျိုး ဖြစ်လာမှသာ ကွာတား တက်ခွင့် ရမှာမို့ တကယ်လည်း မလွယ်လှပါဘူး။
ပေါ်တူဂီ မြေမှာ ပေါ်တိုကို ၂း၁ နဲ့ ရှုံးခဲ့လို့ ဖိအားရှိခဲ့တဲ့ အာဆင်နယ်ဟာ အိမ်ကွင်းမှာ ၅းဝ နဲ့ ပြတ်ပြတ်သားသား အောင်ပွဲခံ သွားခဲ့ပေမယ့် ကိုယ့်ကွင်းမှာ ရှုံးထားပြီးမှ အဝေးကွင်းမှာ ၂ ဂိုးပြတ်နဲ့ ပြန်နိုင်ဖို့ဆိုတာ မီလန်အတွက် နည်းနည်းတော့ လွန်သွားတဲ့ စိတ်ကူးယဉ်မှုဖြစ်ပါလိမ့်မယ်။
မီလန်ဟာ ၂၀၀၇ တုန်းက မန်ယူကို ၃ ဂိုးပြတ်နဲ့ နိုင်ခဲ့ဘူးပေမယ့် အဲဒါ ဆန်စီရိုမှာပါ။
၂၀၀၅ တုန်းကတော့ အိုးလ်ထရက်ဖို့ဒ်မှာ ၀း၁ နဲ့ နိုင်ဘူးပါတယ်။
ဒီပွဲမှာ မီလန်ဘက်က ပါတို၊ ရော်နယ်ဒင်ဟို၊ ဘက်ခမ်း၊ ပီယာလို စတဲ့ ကစားသမားတွေ ပါလာမှာပါ။
မန်ယူ ဘက်မှာလည်း ထိပ်တန်း ဂိုးသွင်းရှင် ရွန်နေး ပြန်ကစားမှာ ဖြစ်ပြီး ပတ်ဂျီဆန်၊ ဗလင်စီယာ၊ ဖလက်ချာ၊ ပေါလ်စခိုးတို့က ကွင်းလယ်မှာ ရှိနေပါလိမ့်မယ်။
နောက်တန်းမှာတော့ ဖာဒီနန်နဲ့ ဗီဒစ်အတွဲ ပါလာမှာပါ။
မန်ယူကို စွန့်ခွာသွားတာ ၇ နှစ်ရှိပြီဖြစ်တဲ့ ဘက်ခမ်းကြောင့် တချို့တွေအတွက် စိတ်ဝင်စားစရာ ဖြစ်သလို သူ့ရဲ့ တည်ကန်ဘော တွေဟာ မန်ယူကို ဒုက္ခပေးနိုင် မလားဆိုတာ ကြည့်ရပါဦးမယ်။
မီလန်ကို အဝေးကွင်းမှာ ၂ ဂိုးသွင်းပြ နိုင်ခဲ့တဲ့ ရွန်နေးကိုလည်း မီလန် နောက်တန်းက အတော်ထိန်းရမှာဖြစ်ပြီး မန်ယူ အနေနဲ့ တစ်ဂိုးရပြီဆိုတာနဲ့ အတော်ရင် အေးသွားရမှာပါ။
ဒီရာသီ ချန်ပီယံလိဂ် ၇ပွဲ ကစားခဲ့ပြီးတဲ့ မီလန်ဟာ မာဆေးလ်နဲ့ ရီးရဲလ်တို့ကိုသာ နိုင်ခဲ့ပြီး သရေ ၃ ပွဲ၊ အရှုံး ၂ ပွဲရှိထား ပါတယ်။
ပုံမှန်ခြေစွမ်းမျိုး ပြန်ဖြစ်လာပြီလို့ လီယိုနာဒိုက ဘယ်လိုပဲ ပြောပြော သူ့ရဲ့ မီလန်ဟာ ရှုံးထွက်နဲ့ပဲ ကျေနပ်ရမှာဖြစ်ပြီး အခုပွဲမှာလည်း သရေ ဆိုတာ မီလန်အတွက် အမြင့်ဆုံး မျှော်လင့်နိုင်တဲ့ အဖြေပါ။
| အင်တာနက်အလေးပေးမှု |
| Sky မှ အလေးပေးမှု |
မန်ယူ 8/15 |
သရေ 11/4 |
မီလန် 9/2 |
| Asianbookie ကျွမ်းကျင်သူများအကြိုက် |
သရေ |
| Fan |
မန်ယူ |
| Soccer lens |
မန်ယူ အနိုင် 60 % |
| Soccer Betting |
မီလန် |
| Soccerpick |
မန်ယူ |
| Soccertip |
၂း၂ |
| WDW |
၂း၁ |
| Huncher |
၂း၁ |
| Goal.com |
၁း၁ |
| Myanmargoal ခန့်မှန်း |
၂း၁ |
ရီးရဲလ် - လိုင်ယွန်
ပထမအကျော့ လိုင်ယွန် ၁းဝ ရီးရဲလ်
ပထမ အကျော့မှာ ရီးရဲလ်ဟာ ကစားပုံ ကောင်းခဲ့ပေမယ့် ကံမကောင်းခဲ့လို့ ချေပဂိုးလေးတောင် မရပဲ ရှုံးခဲ့ရပါတယ်။
ဒါပေမယ့် အခု အိမ်ကွင်း မှာတော့ ရီးရဲလ်ဟာ ၂ ဂိုးပြတ်နိုင်ဖို့ အသေအလဲ ကြိုးစားတော့မှာပါ။
ဒီပွဲဟာ Do or Die ပွဲတစ်ပွဲပါလို့ စီရိုနယ်ဒိုက ပြောထားပြီး ချန်ပီယံလိဂ်မှာ အအောင်မြင်ဆုံး အသင်းအဖြစ် သမိုင်းတွင်ခဲ့တဲ့ ရာဇ၀င်ကို မပျက်စေဖို့ အားထုတ် ပါလိမ့်မယ်။
အခုပွဲမှာ ရီးရဲလ်ဘက်က ဘင်ဇီမာ၊ ဒရန်သီတို့ မပါနိုင်သေးပဲ အလွန်ဆိုနဲ့ မာဆယ်လိုတို့က ပွဲပယ်ခံထားရပါတယ်။
ဒါပေမယ့် တိုက်စစ်အတွက် ဂူတီ၊ ကာကာ၊ စီရိုနယ်ဒို၊ အိုင်ဂူယင်တို့ရှိနေမှာပါ။
လိုင်ယွန် ဘက်မှာတော့ ဆစ်ဆိုအို မသေချာသေးပဲ ကလော့ခ်၊ အင်ဒါဆင်၊ လိုဗရန်၊ ဘက်စ်တော့တို့က ဒဏ်ရာနဲ့ပါ။
အိမ်ကွင်းမှာ မီလန်ကို ရှုံးခဲ့ဘူးတဲ့ ရီးရဲလ်ဟာ အဲဒီဘ၀ ပြန်မရောက်အောင် ကြိုးစားလာမှာဖြစ်သလို အဝေးကွင်းမှာ ဖီအိုရင်တီးနား ကိုသာ ရှုံးပြီး လီဗာပူးလို အသင်းမျိုးကို နိုင်အောင် ကစားခဲ့တဲ့ လိုင်ယွန်ကလည်း အနည်းဆုံး သရေရဖို့ အားထုတ် ပါလိမ့်မယ်။
အကြိတ်အနယ် ရှိလှမယ့် ဒီပွဲဟာ ကြည့်လို့ ကောင်းမှာ သေချာပါတယ်။ ဒါဖြင့် ကွာတားကို ဘယ်သူ ရောက်မှာလည်းလို့ မေးရင်တော့ ရီးရဲလ် .... လို့သာ ဖြေရမှာပါ။
| အင်တာနက်အလေးပေးမှု |
| Sky မှ အလေးပေးမှု |
ရီးရဲလ် 2/7 |
သရေ 7/2 |
လိုင်ယွန် 8/2 |
| Asianbookie ကျွမ်းကျင်သူများအကြိုက် |
ရီးရဲလ် အနိုင် |
| Fan |
ရီးရဲလ် |
| Soccer lens |
ရီးရဲလ် အနိုင် 70 % |
| Soccer Betting |
ရီးရဲလ် |
| Soccerpick |
လိုင်ယွန် |
| Soccertip |
၃း၁ |
| WDW |
၂း၁ |
| Huncher |
၂း၁ |
| Goal.com |
၃း၁ |
| Myanmargoal ခန့်မှန်း |
၂းဝ |